Chapter 107- Frightmare 4

3.1K 628 15
                                    

Unicode

" မင်း ဘာလို့ ချွေးတွေရွှဲ..."
တိချိုးဟယ်က ဟောပိုင်နဖူးလေးကို စမ်းကြည့်ကာ မျက်မှောင်ကြုံ့၍ ထိုင်နိုင်အောင် ထူပေးသည်။ ထို့နောက် ကျောပြင်ကို ကိုင်ကြည့်တော့လဲ ချွေးတွေရွှဲနစ်နေ၏။ တိချိုးဟယ် သူ့ကိုယ်သူ အပြစ်တင်တော့သည်။
" မင်းကို တစ်ညလုံးခေါ်ထားမိတာ ကိုယ့်အမှားပါ.. လက်ထောက်ဝမ်ကို ဒီနားက ဟိုတယ်မှာ အခန်းယူခိုင်းထားလိုက်မယ်.. ရေနွေးနွေးနဲ့ ရေချိုးပြီး ကောင်းကောင်းအိပ်လိုက်... အဲ့ဒါမှ နေမကောင်းသေးရင် လက်ထောက်ဝမ်ကို လှမ်းခေါ်လိုက် အားမနာနဲ့"

ဟောပိုင်က ထထိုင်လိုက်ရင်းက နူးညံ့ကာ ဂရုစိုက်ပေးနေသည့် မျက်လုံးများကို ကြည့်နေသည်။ အိပ်မက်ထဲတွင် သူ မြင်လိုက်ရတာကို ပြောချင်ပေမဲ့ ပြောမထွက်သည့်အတွက် တိချိုးဟယ်ကို ဖက်ထားလိုက်သည်။ စိတ်ထဲက အရမ်းပြောချင်ပေမဲ့ စကားလုံးတို့က လည်ချောင်းဝတွင် တစ်နေ၏။

ဖန်လျန်ရှိုးဆိုသည်က ဖန်တာ့၏ တစ်ဦးတည်းသော သမီး တိချိုးဟယ်၏ အမေဖြစ်ကာ ချင်းလီက တိရှားဆုန်းနှင့် ကိုယ်ဝန်ရပြီး မကြာခင် နာမကျန်းမှုကြောင့် ဆုံးပါးသွားခြင်းဖြစ်၏။ တကယ်လို့ ဖန်လျန်ရှိုးသေရတာက နာမကျန်းမှုကြောင့်မဟုတ်ပဲ တိဘီရန်နှင့် ချင်းလီတို့ ပေါင်းကြံတာဆို.. တိချိုးဟယ်ပြောဖူးသည် တိရှားဆုန်းက တိဘီရန်အတိုင်း ချွတ်စွပ်ပဲတဲ့... ဟောပိုင်ခေါင်းထဲ ဆိုးရွားလှသည့် အဖြေတစ်ခု ထွက်လာသည်။

တိဘီရန်က အပြစ်လုပ်ထားမိလို့ တိချိုးဟယ်ကို ကြောက်နေတာဆိုရင်ရော... သူသတ်ခဲ့တဲ့ ဖန်လျန်ရှိုးရဲ့ သားမို့လို့ တိချိုးဟယ်ကို မုန်းနေတာဆိုရင်ရော... တိဘီရန်ကိုက သူသတ်ခဲ့တဲ့ အမှုပေါ်မှာစိုးလို့ တိချိုးဟယ်ကို  တမင် ဖယ်ကျဥ်ထားခဲ့တာဆိုရင်ရော.. အရင်ဘဝက တိချိုးဟယ်သေရတာက တိချွန်းဟွာ​တစ်ယောက်ထဲကြောင့်မဟုတ်ပဲ တိဘီရန် ချင်းလီနဲ့ တိချွန်းဟွာတို့ ​ပေါင်းကြံကြတာဆိုရင်ရော.....

ဘယ်လောက်တောင် စက်ဆုပ်ဖွယ်ကောင်းလိုက်လဲ..

ဟောပိုင်က တိချိုးဟယ်ကို တင်းတင်းဖက်ထားရင်း ချက်ချင်း ထပြောသည်။
" ချိုးဟယ်.. တိဘီရန်ကို မကယ်နဲ့တော့...  သူ့ကို ပစ်ထားလိုက်... သူနဲ့ တန်လို့ဖြစ်တာ ဒီတိုင်းပဲ ပစ်ထားလိုက်"
ဘာလို့ ဒီလို နှလုံးသားမဲ့ ရက်စက်တဲ့သူကို ကယ်ပေးရမှာလဲ.. ဒီလိုလူက သေသွားတာမှ ကောင်းဦးမယ်...

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now