Chapter 120 - စွယ်စုံရလက်ထောက် 2

3K 650 12
                                    

Unicode

" အော် ဟုတ်လား"
ကျန်းရှိုးဝမ်က ခံစားချက်မပါသော လေသံနှင့် ရက်စက်သည့်အမှန်တရားကို ရှင်းပြလေသည်။
" အဲ့ဒီတော့.. မင်း သူ့ကို ဖွင့်ပြောပြီးပြီလား..သူ ဂေးနေတာရော သေချာလို့လား.. လက်ကိုင်ဖူးပြီလား နမ်းဖူးပြီလား.. sex ရော ???"

တိချိုးဟယ် ရင်ခုန်နေတာလေးတောင် ငြိမ်သွားရှာ၏။ ခဏကြာသည်အထိ တိတ်ဆိတ်ပြီးနောက် မျက်နှာတည်သွား၏။
" ရှိုးဝမ်.. မင်းက တစ်နေ့တခြားကို အချစ်လျော့ချင်စရာလေးနော်"

" မင်းထက်တော့ သာပါသေးတယ် .. ချစ်ချင်စရာတောင် မကောင်းတဲ့ကောင်ကများ"
ကျန်းရှိုးဝမ်က ပြန်လှောင်သည်။

" ငါ့ကို မနာလိုနေတာများ"

" ဘာကိုမနာလိုရမှာလဲ.. မရနိုင်တဲ့ကောင်လေးတစ်ယောက်ကို လိုက်ကြိုက်နေတဲ့ FA ကောင်ကိုလား"
သူငယ်ချင်းဖြစ်လာတာကြာတော့ တိချိုးဟယ်အကြောင်း သူကောင်း​ကောင်းသိ၍ အတိအကျပြောလိုက်သည်။
" ချိုးဟယ်ရေ.. အခုက အိပ်မက်မက်ရမဲ့အချိန်မဟုတ်ဘူး.. ထတော့"

"..."

" ပါကင်မဖောက်ရသေးတဲ့ကောင်လေးကများ"

တိချိုးဟယ်က ချက်ချင်းဖုန်းချကာ ကျန်းရှိုးဝမ်နှင့် ၇၂နာရီတိတိ စကားမပြောဖို့ ဆုံးဖြတ်လိုက်၏။

သောကြာနေ့ အတန်းအားလုံးပြီးချိန်တွင် ဟောပိုင်က ခရီးဆောင်အိတ်ပြင်၍ လေဆိပ်သို့ ထွက်လာခဲ့သည်။

လေယာဥ်ပေါ်မှ ခရီးသည်များအားလုံး ပင်ပန်းနေကြပုံပေါ်သည်။ ဟောပိုင်က ဓာတ်ပုံalbum ထုတ်ကာ အချိန်ဖြုန်းနေရင်း ရုတ်တရက် အသံတစ်သံကြောင့် ထကြည့်လိုက်မိသည်။

" ရွံစရာကြီး.. ငါ သူ့နားမှာလုံးဝမထိုင်နိုင်ဘူး.. လေယာဥ်မယ်ဘယ်မှာလဲ.. ထိုင်ခုံချက်ချင်းပြောင်းပေး"

" သူ့ခေါင်းက အနာကြီးတွေက လေယာဥ်ထွက်တာနဲ့ ပေါက်တော့မယ်ထင်တယ်.. အား.. အန်ပါထွက်တော့မယ်"

" လေဆိပ်က လုံခြုံရေးတွေ ဘယ်လို အလုပ်လုပ်နေကြတာလဲ.. ဒီလို ရွံစရာကြီးကို ဘယ်သူ လေယာဥ်ပေါ် တင်ပေးလိုက်တာလဲ.. တခြားခရီးသည်တွေကို လုံးဝမလေးစားတာပဲ.. ဒီလိုလူမျိုးက ကူးစက်ရောဂါတွေ ရှိမနေဘူးလို့ ဘယ်လိုသေချာမှာလဲ.. ငါ့ကို ထိုင်ခုံပြောင်းပေး..."

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now