Chapter 43 - 44

5.7K 909 34
                                    

Unicode နှစ်ပိုင်း နောက်မှာ Zawgyi ရှိပါတယ်

Unicode

Chapter 43 - ဝုတ် ဝုတ် ၂

" အင်း ဟုတ်တယ်.. အခု ရိုက်နေတာ.. မိန်းကလေးကျားနဲ့ သူ့သူငယ်ချင်းတွေ မွေးနေ့အကြိုပါတီလုပ်နေကြတာလေ.. အခု မွေးနေ့သီချင်းဆိုပြီး ကိတ်ခွဲနေကြတာ"
မွေးနေ့ပါတီကိုရောက်နေသည့်အတွက် ဟောပိုင်လဲ စိတ်ရွှင်နေကာ အရင်ကထက်စကားပိုများနေသည်။
" ခင်ဗျားမွေးနေ့ကျရင်လဲ မွေးနေ့ဓာတ်ပုံတွေအများကြီးရိုက်ပေးမယ်သိလား..ဒီနေ့လိုမျိုးလေ... ခင်ဗျားနဲ့ သူငယ်ချင်းတွေနဲ့ လျှောက်ကစား ကျွန်တော်က ဓာတ်ပုံတွေ ပတ်ရိုက်ပေးမယ်"
ဟောပိုင်က မွေးနေ့ကို လူများများနှင့်ကျင်းပသည်က ပိုကောင်းသည်ဟုထင်သည်။ သူတို့နှစ်​ယောက်တည်းဆိုပါက ပျင်းဖို့ကောင်းနိုင်သည်လေ။

... အော် ချောင်းရိုက်တယ်ဆိုတာ ဒါကိုပြောတာကိုး..
ထိုအခါမှပင် တိချိုးဟယ်က ကျေနပ်သွားရင်း ပြုံးလိုက်သည်။ စိတ်ထဲတွင်တော့ ဟောပိုင်၏ပါးချိုင့်ခွက်ခွက်လေးကို လက်ညိုးနှင့် ထိုး ထိုးနေသည်။
.. ကလေးဆိုးလေးက စကားကို ဘယ်လိုပြောရမှန်း မသိဘူးပဲ...

" အင်းပါ မင်းသဘော.. ကိုယ့်ကို မင်းစိတ်ကြိုက်ဓာတ်ပုံရိုက်ပေးလို့ရတယ်"
တိချိုးဟယ်က ထိုအခါမှသာ သူ့ကိုယ်သူ မှန်ထဲတွင် ရဲရဲတင်းတင်း ပြန်ကြည့်နိုင်သွား၏။ ဆံပင်တိုတိုနှင့်သူ့ပုံက ပိုရှင်းသန့်နေသည်။ အင်္ကျီစကို လိပ်တင်လိုက်တော့ ဝမ်းဗိုက်ကြွက်သားစိုင်တို့ ပေါ်လာပြန်သည်။ ရုတ်တရက်ကြီး ရှက်လာသလိုခံစားရသဖြင့် အင်္ကျီပြန်ဆွဲချကာ မှန်ကိုကျောခိုင်း၍ စကားဆက်သည်။
" ဒီနေ့ အဆင်ပြေရဲ့လား"

" အင်း ချောချောမွေ့မွေ့ပဲ"
ဟောပိုင်အသံက ပို၍ ကြည်လင်လာကာ နောက်ခံသီချင်းသံတို့ လျော့ပါးသွား၏။
" ဒါပေမဲ့ ဒီည စောစောအိပ်လို့မရသေးဘူး.. ဓာတ်ပုံတွေကို မနက်ဖြန်ည ခုနစ်နာရီအမှီပြီးအောင် ပြင်ပေးရဦးမှာ.. အဲ့ဒါ နည်းနည်းလောနေလို့.. ဒါနဲ့..ခင်ဗျား သူဌေးကျားကို ဘယ်လိုလိမ်လိုက်လဲဆိုတာ ကျွန်တော့်ကို မပြောရသေးဘူး.. ပြီးတော့ နောက်အခေါက်တွေကျရင် လူတွေကိုမလိမ်ခင် ကျွန်တော့်ကို ကြိုပြောထားလို့မရဘူးလား..ဒီနေ့ဆို ခင်ဗျားပြောထားတာနဲ့ မညီသလိုတောင် ဖြစ်သွားတော့မလို့"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now