Chapter 16- ပထမဆုံး

6.2K 1K 34
                                    

Unicode

စက္ကူသေတ္တာလေးထဲတွင် ဓာတ်ပုံ နှစ်စုံရှိ၏။ တစ်ခုက တိချိုးဟယ် နာမည်နှင့် လက်မှတ်ထိုးထားပြီး နောက်တစ်ခုက ချာတိတ်လေးတိ နာမည်နှင့် လက်မှတ်ထိုးထားလေ၏။

ဟောပိုင်က မျက်မှောင်ကြုံ့ထားရင်းက တိချိုးဟယ့ လက်မှတ်ထိုးထားသော ဓာတ်ပုံများကို စုသိမ်းလိုက်ပြီး သူ တည်းဖြတ်ထားသော ဓာတ်ပုံများအတွက် ဝယ်ထားသည့် စက္ကူသေတ္တာအကြီးတစ်လုံးထဲ ထည့်လိုက်သည်။ ဓာတ်ပုံတွေ သိမ်းပြီးနောက်တွင် သူက WeChat မှနေ၍ မွေးနေ့ဆုတောင်းပေးသည့် ဝယ်သူကို ကျေးဇူးတင်စကားပြောရသည်။

ပို့ပြီးပြီးချင်း ချက်ချင်းစာပြန်မရသဖြင့် နှစ်မိနစ်လောက် စောင့်နေလိုက်သေးသည်။ သို့သော် စာပြန်မလာတော့သဖြင့် ဖုန်းကို ကောက်ယူကာ အံဆွဲထဲ ထည့်သိမ်းလိုက်၏။

အကုန်လုံး လုပ်ပြီးနောက် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ ထို့အပြင် နေ့လည်ခင်းတွင် စာသင်ချိန် နည်းနည်းသာရှိ၍ စာလုပ်ရန် အချိန်လဲ ရသေးသည်။ စာတွေအကုန်လုပ်ပြီးတော့ Saint Elephant မှ ပေးထားသည့် အလုပ်များကို သူ့ကွန်ပျူတာထဲ ဒေါင်းလုပ်ဆွဲထားလိုက်သည်။

ဒီတစ်ခေါက်တော့ အရင်တစ်ခါကလို ပုံအများကြီး မပို့ပေးထား။ အစုံငါးစုံသာရှိ၍ တစ်စုံစီတွင် ခြောက်ပုံပဲ ပါသဖြင့် ဒီတစ်ပတ်အတွင်း အပြီးတည်းဖြတ်နိုင်၏။

ပြီးတော့ ပုံတွေအားလုံးက portrait တွေသာ။ ပုံတွေအကုန်လုံးကို ကြည့်လိုက်တော့ လူငါးယောက်။ ယောကျ်ားလေးသုံးယောက်နှင့် မိန်းကလေး နှစ်ယောက်။ နှစ်ယောက်လောက်ကို Hei Bai ရင်းနှီးနေသလိုရှိသည်။ ခေါင်းပေါက်ထွက်မတတ် ပြန်စဥ်းစားကြည့်အပြီးမှာတော့ ထိုနှစ်ယောက်က Bမြို့တော်တွင် နာမည်ကြီးလာမည့် ရုပ်မြင်သံကြား အစီအစဥ် တင်ဆက်သူများဖြစ်ကြောင်း မှတ်မိလိုက်သည်။ အခုအချိန်တွင်တော့ လူသစ်များပင် ရှိသေး၏။

လူတစ်ယောက်ကို ခြောက်ပုံစီ သေချာရိုက်ထားသည်ကို တွေ့ရသည်။ ထို့​ကြောင့် ထိုသူကို ပုံကြီးချဲ့ကာ သေချာပြန်ပြင်ပေးနေရင်း စိတ်များ ပျံ့လွင့်လာ၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now