Chapter 1- လူသတ်မှု မြင်ကွင်း

39.1K 1.7K 81
                                    

Unicode

အခန်း ၁ - လူသတ်မှု မြင်ကွင်း

ဟောပိုင်တစ်ယောက်  ကွန်ပျူတာ ဖန်သားပြင်ကို မျက်လုံးပြူးကြီးနှင့် စိုက်ကြည့်ရင်း ကွန်ပျူတာထဲရှိ ဓာတ်ပုံကို အကျယ်ချဲ့လိုက်ရာ လက်ချောင်းများ တဆတ်ဆတ် တုန်လာသည်။

ဓာတ်ပုံထဲတွင် သူနေထိုင်ရာ မြို့တော်၏ မီးရောင်စုံလှသော ညရှုခင်းကို မြင်ရသည်။ အိမ်ခြေတစ်သောင်းခန့်မှ ဖြာထွက်နေသော မီးအလင်းရောင်များက တဖြောင့်တည်း တန်းလျက် ကောင်းကင်တွင် ကြဲပက်ထားသော ကြယ်များနှင့် အတူ သဘာဝနှင့် ခေတ်ပညာပေါင်းစပ်ကာ လှပနေသည်။

ထိုပုံမှာ နာမည်ကြီး ဓာတ်ပုံဆရာ ကျောက်ထျန်းဟူ စီစဥ်သော နိုင်ငံတကာ ဓာတ်ပုံပြပွဲ၏ ညနေရှုခင်းအထူးဓာတ်ပုံအတွက် အသင့်တော်ဆုံး ဖြစ်သည်။ တောင်ပေါ်တွင် camp ဝင်ကာ သုံးညတိုင်တိုင် စောင့်ရသော သူ့အချိန်များ အလကားမဖြစ်ပေ။

သို့သော် ထိုအရာများက အဓိကမဟုတ်ပေ။ အဓိကအချက်မှာ ဓာတ်ပုံထောင့်နားရှိ H မြို့တော်၏ အမြင့်ဆုံး နာရီစင်ပေါ်မှ ခုန်ချလျက်ရှိသော လူတစ်ယောက်ကို သူ မြင်လိုက်ရသည်။

ရုတ်တရက် ဖုန်းမြည်လာတော့မှ အသိစိတ်တွေ ပြန်ဝင်လာသည်။ ဖုန်းကောက်ကိုင်ကာ တစ်ဖက်လူကို မစောင့်ပဲ အလောတကြီး သူ ပြောတော့သည်။
" ဦးလေးကျောက်.. ကျွန်တော်လေ အရမ်းရူးချင်စရာကောင်းတဲ့ ပုံတစ်ပုံ ရိုက်ခဲ့မိတယ်"

" ဘယ်လိုပုံကို ရိုက်ခဲ့လို့လဲ"
ကျောက်ထျန်းဟူက ပျော်ရွှင်နေသော လေသံဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
" ကြည့်ရတာ ငါတို့ရဲ့ အသစ်ဆုံး ဓာတ်ပုံဆရာလေး ရှောင်ဟောက ဒီက အဖိုးကြီးတွေကို စပရိုက်တွေ ပေးတော့မယ်နဲ့ တူတယ်..ဟုတ်လား... ပြောပါဦး... စဥ်းစားနေရင်းနဲ့ အိပ်မက်ကိုများ ဓာတ်ပုံထဲ ထည့်ရိုက်မိသွားတာလား"

" မဟုတ်ဘူး"
ဟောပိုင်က တံတွေးတစ်ချက် မြိုချကာ ဆက်ပြောသည်။
" အဲ့ဒါကလေ... ကျွန်တော် လူသတ်မှု တစ်ခုကို ဓာတ်ပုံ ရိုက်မိတယ်နဲ့ တူတယ်"

"ဘာ!"

နာမည်​ကျော် ရုပ်ရှင်သရုပ်ဆောင် တိချိုးဟယ်က နာရီစင်ပေါ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသတဲ့!!

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now