Chapter 35- အသုံးမကျသည့် အမှတ်တရများ 1

4.2K 810 3
                                    

Unicode

ဗွမ်း ဟူသော အသံထွက်ပေါ်လာပြီးနောက် ရေထဲကျသွားသော တိချိုးဟယ်ကြောင့် ဟောပိုင် ကိုယ်ပေါ် ရေစက်များ လာမှန်သည်။

".. ​ဒီလူ.. ဘာလုပ်နေတာလဲ"
နျို့ကျွင်းကျယ်က တိချိုးဟယ်၏ ရုတ်တရက်အပြုအမူကြောင့် လန့်သွားသည်။ ရေကန်ကိုကြည့်လိုက်တော့ ရေပွက်များထကာ လှုပ်ခါနေ၏။

ဟောပိုင်က ခေါင်းကိုခါရမ်းရင်း အသိစိတ်ပြန်ဝင်လာသည်နှင့် တစ်စုံတစ်ခုကို တွေးကာ မျက်နှာပျက်သွား၏။ ထို့နောက် အားယူကာ ရေထဲခုန်ချသွားပြန်သည်။

ဒီတစ်ခါတော့ ရေစက်အမှန်ခံရသူက နျို့ကျွင်းကျယ်ဖြစ်နေ၏။

နျို့ကျွင်းကျယ်: ...

စားဖိုမှူးဝဝကြီးက အသားကင်နေသည့် ခက်ရင်းကြီးကိုင်ကာ နျို့ကျွင်းကျယ်ရှိရာသို့ ​ပြေးလာပြီး အလေးအနက်ပြောနေသည်။
" ဘာမှစိတ်မပူနဲ့သခင်လေး... ကျွန်တော် လုံခြုံရေးကို လှမ်းခေါ်ပြီးပြီ.. ခိုးဝင်လာတဲ့သူက စိတ်မမှန်တဲ့သူဖြစ်ရမယ်.. သူ့နားမကပ်နဲ့..ကျ..ကျွန်တော်ငယ်ငယ်က ခွေးကူးကူးနည်းသင်ထားတယ်.. သခင်လေး ဟောကို ကျွန်တော်ကယ်.."

" စိတ်အေးအေးထား ဦးလေးဟူ.. ကျော်တက်လာတဲ့သူက ကျွန်တော့်အသိပါ..သူခိုးမဟုတ်ပါဘူး"
နျို့ကျွင်းကျယ်က စားဖိုမှူးကြီး၏ ပခုံးကိုပုတ်ကာ မျက်နှာမှရေများကို သုတ်ရင်း ရေကူးကန်နားလျှောက်၍ ရေထဲခုန်ချသွား၏။ ဟောပိုင်က သူ့အခန်းဖော်သူငယ်ချင်းဖြစ်ပြီး ဖုန်းကိုသွားယူနေသောကြောင့် သူ မသိကျိုးကျွံမပြုနိုင်။

ဦးလေးဟူ: ...

ရေမျက်နှာပြင်မှာ တဖြည်းဖြည်း ငြိမ်သက်စပြုလာ၏။ စိတ်ထဲတွင် ခဏအကြာလွန်ဆွဲနေပြီးနောက် စားဖိုမှူးဝဝကြီးလဲ အေပရွန်ကို ချွတ်ကာ ရေထဲဆင်းသွား၏။ သူ့သခင်တောင် ရေထဲဆင်းသွားလေရာ သူမှမဆင်းရင် အလုပ်ပြုတ်ရန်သာရှိ၏။

အခုမှရောက်လာသော လုံခြုံရေး: ...

ရေက ဒီနေ့မှ အသစ်လဲထား၍ ကြည်လင်နေသည့်အတွက် ဟောပိုင်က ရေထဲတွင် မွန်းနေ၍ ရုန်းကန်နေရသော တိချိုးဟယ်ကို ချက်ချင်းရှာတွေ့သွားသည်။ ဟောပိုင်မှာ ပြောစရာစကားတို့ပျောက်ရှကာ ထိုနေရာသို့ အ​ပြေးကူးသွား၏။ တိချိုးဟယ်က သူ့ကို သတိထားမိသောအခါ ထိုနေရာတွင်သာနေရန် လက်ပြ၍ တိချိုးဟယ်၏ ခါးကို တင်းတင်းဖက်လိုက်သည်။ ဟောပိုင်က တိချိုးဟယ်ကို ဖက်ရင်း ရေကိုကန်ကြောက်၍ ရေမျက်နှာပြင်ပေါ်ရောက်ရန် ကြိုးစားနေရသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now