Chapter 64 -ဝိုင်သုံးခွက် ပြစ်ဒဏ် 3

3.3K 730 23
                                    

Unicode

တိချိုးဟယ်မှ ပြန်စာမရတော့သည့်အတွက် နျို့ကျွင်းကျယ်လဲ စိတ်ရှုပ်လာကာ စာလုပ်နေသည့်ဟောပိုင်ကို တစ်ချက်လှမ်းကြည့်သည်။

တစ်ယောက်က တောင်းပန်ချင်နေသည်။ နောက်တစ်ယောက်ကတော့ ဒေါသထွက်ကာ ပြန်ပြေလည်ချင်စိတ်ကိုမရှိ၏။ ကြားထဲက သူ ဘာလုပ်ပေးရမှာလဲ

ဆရာဝန်ကို တံခါးဝအထိ ပြန်ပို့ပြီးနောက် တိချိုးဟယ်က လက်ထောက်အန်း လာပေးသည့်ရေကို တစ်ငုံသောက်လိုက်သည်။
" ရိုက်ကွင်းမှာ အခြေအနေ ဘယ်လိုရှိလဲ"

" ဒါရိုက်တာကျန်းက ဒေါသအကြီးအကျယ်ထွက်နေတာ .. ရိုက်ကွင်းမှာသုံးတဲ့ပစ္စည်းတာဝန်ရှိတဲ့သူတွေကို ဆူပူကြိမ်းမောင်းပြီး အလုပ်ဖြုတ်ပစ်လိုက်တယ်"
လက်ထောက်အန်းက သူ့ရှေ့ရောက်လာပြီး ပြောပြသည်။

တိချိုးဟယ်က ခေါင်းညိတ်ကာ ရေဘူးကို ပြန်ချသည်။
" ရိုက်ကွင်းကို ပြန်ကြမယ်"

လက်ထောက်အန်းက ကြောင်အနေကာ တိချိုးဟယ်၏ ပတ်တီးစည်းထားသည့် လက်မောင်းကို ကြည့်လိုက်၏။
" ဒါပေမဲ့ သခင်လေးရဲ့ ဒဏ်ရာ .. ဒါရိုက်တာကျန်းက ​အခုရိုက်မဲ့အခန်းတွေက ကြမ်းတမ်းတာတွေချည်းပဲတဲ့.. သခင်လေးက အခု ဒဏ်ရာရထားတာ  ရိုက်ကွင်း ခဏနားလိုက်လို့ရပါတယ်.. နှစ်ရက်လောက် ပေးနားမယ်တဲ့"

" မရဘူး"
တိချိုးဟယ်က လက်ကာပြလိုက်သည်။
" ဘာမှမဖြစ်ဘူး..ကျွန်တော်က ခေါင်းဆောင်မင်းသားပဲကို.. တစ်ရက်ခွင့်ယူလိုက်ရင် ရိုက်ကူးရေးတွေ အကုန်နောက်ကျကုန်မယ် .. အဲ့လိုလုပ်လို့မရဘူး"

လက်ထောက်အန်းက ပြန်ဖြေသည်။
" ဘာလို့ မရတာလဲ.. ဒါရိုက်တာကိုယ်တိုင်က ခွင့်ပေးထားတာလေ"

" ကျွန်တော် မနားချင်ဘူး"
တိချိုးဟယ်က လက်ထောက််အန်းကို စိုက်ကြည့်ရင်း ပြတ်သားသည့်လေသံနှင့် ဖြေလိုက်သည်။
" လက်ထောက်အန်း.. ကျွန်တော့်ကို စိတ်ပူလို့ပြောနေတယ်ဆိုတာ သိတယ် အဲ့ဒီ့အတွက် ကျေးဇူးပဲ .. ဒါပေမဲ့ ကျွန်တော် နှစ်ခါပြန်မပြောချင်ဘူး"

လက်ထောက်အန်းက ​တိချိုးဟယ်၏ မျက်လုံးများကို ကြည့်ကာ ခြေတစ်လှမ်းဆုတ်၍ ခေါင်းငုံ့လိုက်၏။
" တောင်းပန်ပါတယ် သခင်လေး"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now