Chapter 9- ချစ်စရာ မိန်းမငယ်လေး

7.2K 1.2K 25
                                    

Unicode

တိချိုးဟယ်က တုန်လှုပ်စွာဖြင့် သက်ပြင်းတစ်ချက် ချသည်။ လက်ဖက်ရည်ခွက်အား တင်းတင်းဆုပ်ထားသော လက်ချောင်းများကို ဖြေလျော့ကာ သူ့ရှေ့တွင် ရှိနေသော ရွှီရင်ရုန်ကို ဦးညွတ်ကာ ကန်တော့သည်။
" အကြီးအကဲ ရွှီ.. ကူညီပေးတဲ့အတွက် ကျေးဇူးပါဗျာ... ကျွန်တော် ကျေးဇူးမမေ့ပါဘူး"

ရွှီရင်ရုန်က တိချိုးဟယ်၏ ဦးချမှုကို ငြင်းဆို၍ လက်ဆွဲ၍သာ နှုတ်ဆက်သည်။
" ရပါတယ်"

ကျန်းကွမ်းရှန်က ချောင်းဟန့်၍ စားပွဲခုံအား လက်နှင့် ခေါက်လိုက်သည်။

တိချိုးဟယ်က အလိုက်သိစွာ ရေနွေးခရားကို ကိုင်၍ လက်ဖက်ရည် ငှဲ့ပေး၏။ ထို့နောက် မျက်လုံးထဲ တိုက်ရိုက်ကြည့်၍ တည်ကြည်လေးနက်စွာ ဆို၏။
"ဦးလေးကျန်း အခွင့်အရေးပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ် ပြီးတော့ အရင်က ဦးလေးကိုစိတ်ပျက်စေမိတဲ့အတွက်လဲ တောင်းပန်ပါတယ်"

" အင်း.."
ထိုအခါမှ ကျန်းရှိုးဝမ်က တောင်းပန်မှုကို လက်ခံလိုက်သည်။ လက်ဖက်ရည်ခွက်ကို လက်ထဲကိုင်၍ တိချိုးဟယ်ကို သေချာကြည့်၏။
" ချိုးဟယ်.. မင်းနဲ့ ရှိုးဝမ် နဲ့က သူငယ်ချင်းတွေ ဖြစ်လာတာ နှစ်တွေ မနည်းတော့ဘူးလေ... မင်းတို့ အတူတူ ကြီးပြင်းလာတာကို ငါ စောင့်ကြည့်နေခဲ့တာပါ"

တိချိုးဟယ်၏ မျက်တောင်များက လှုပ်ရှားလာကာ စိတ်ထဲတွင် ဖြစ်တည်လာသော ပျော်ရွှင်မှုကို အပြင်မရောက်စေရန် ထိန်းချုပ်၍ အတော်ကြာကြာ ခေါင်းသာ ငုံ့ထားသည်။ ထို့နောက် ခေါင်းပြန်မော့ကာ ကျန်းကွမ်းရှန်ကို ပြုံးပြ၍ တင်းကြပ်နေသော ပခုံးသားကို ဖြေလျော့လိုက်သည်။
" အဓိကက အရာရာကို သေချာမကြည့်မိတဲ့ ကျွန်တော့်အပြစ်တွေပါ"

ဒါရိုက်တာ တစ်ယောက်အနေနှင့် ကျန်းကွမ်းရှန်မှာ လူအကဲခတ်ရာတွင် တစ်ဖက်ကမ်းခတ် တော်၏။ သူနှင့် ရှိုးဝမ် တို့ သူငယ်ချင်း ဖြစ်နေသည်မှာ အတော်ကြာပြီ။ သူ ဘယ်လိုလူမျိုးလဲဆိုသည်ကို ဦးလေးကျန်း သေချာပေါက် သိနေမည်ဖြစ်၏။ မျက်နှာဖုံးနှင့် ဦးလေးကျန်းအား ချဥ်းကပ်ခဲ့သည်မှာ ရယ်စရာ ဟာသတစ်ခုပင်။ ချန်ကျွင်း ဇာတ်ကောင်ကို ရနိုင်ဖို့အတွက် ဦးလေးကျန်းအား မည်မျှပင် ချဥ်းကပ်သော်လဲ သူ့အား ထိုဇာတ်ကောင်ရှိသော အရာများ မရှိနိုင်ဟုသာ ခပ်ပြတ်ပြတ် ပြောခဲ့သည်။ အခု သေချာတွေးကြည့်တော့မှ ဦးလေးကျန်းက သူ့အား ဇာတ်ညွှန်းသေချာ ဖတ်ကြည့်ရန် အခွင့်အရေး ပေးနေခဲ့ခြင်းဖြစ်ကြောင်း နားလည်လာရသည်။ ထိုသည်ကို သူက မသိပဲ ဦးလေးကျန်း၏ မျှော်လင့်ချက်တို့ကို ဖျက်ဆီးမိမလိုပင် ဖြစ်ခဲ့သေးသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now