Chapter 60 - လမ်းခွဲ 1

3.7K 690 49
                                    

Unicode

ဟောပိုင်က သူ့လက်ကို အတင်းဆွဲထားသည့် တိချိုးဟယ်ကို ငုံ့ကြည့်နေသည်။ သူ့ကိုယ် အရမ်းတည်ငြိမ်နေသည်ဟု ခံစားနေမိသည်။ အရမ်းတည်ငြိမ်နေသည့်အတွက် တိချိုးဟယ်၏ ခေါင်းမှ ​ဗွေနှစ်ခုကိုပါ မြင်နေရသည်။

ပြောကြတာတော့ ​ဗွေနှစ်ခုပါတဲ့ ကလေးတွေက ဉာဏ်ထက်သည်တဲ့

သူ လက်ကို ပြန်ရုတ်ရန် စဥ်းစားလိုက်သော်လဲ ရုတ်တရက် တိချိုးဟယ်ရှေ့မှ ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး တိချိုးဟယ်ကို ခေါင်းအစ ခြေအဆုံးကြည့်နေသည်။
" ပြောစရာ မရှိတော့ဘူးလား"

တိချိုးဟယ်မှာ သူ့ရှေ့တည့်တည့်ကို ထိုင်ချလိုက်မည်ဟု မမျှော်လင့်ထား။ မီးဝင်းဝင်းတောက်နေသည့် ဟောပိုင်၏ မျက်လုံးများကို ရှောင်လွှဲနေကာ ဟောပိုင်လက်ကိုသာ တင်းတင်းကြပ်ကြပ် ဆွဲထားသည်။  ခန္ဓာကိုယ်အောက်ပိုင်းမှ အခြေအနေကြောင့် သူ့နားရွက်များ ခဏချင်းရဲတက်လာ၏။

ဘယ်လိုဖြစ်ချင်နေတာလဲသူက .. သေချင်ယောင် ဆောင်နေတာလား.. ဒါမှမဟုတ် ဆိတ်ဆိတ်နေပြီးပဲ ဝန်ခံနေတာလား...

ဟောပိုင်က တခြားလက်တစ်ဖက်နှင့် သူ့လက်ကို ပြန်ဆွဲကာ ဘာမှမဖြစ်သလို မေးလိုက်သည်။
" ဘာလုပ်နေတာလဲ .. dixk ကြီးကြီးနဲ့ ချစ်စရာကောင်မလေးရဲ့ ဖြေစမ်းပါဦး"

တိချိုးဟယ်က လက်ကို မလွှတ်တမ်းဆွဲထားပေမဲ့ ဘာမှပြန်မ​ဖြေ။

" ကျွန်တော် ထင်တာ မှန်နေခဲ့တာပဲ"

a bird born in autumn က တိချိုးဟယ်၏ သူငယ်ချင်း သို့မဟုတ် တိချိုးဟယ်နှင့် တစ်ခုခုတော့ ပတ်သက်နေမည်ဟု ဟောပိုင်ထင်ခဲ့ဖူးသည်။ ထို့ကြောင့် လက်ကို အတင်းဆွဲဖြုတ်ရင်း အသံကျယ်လာသည်။
" မိထွေးက နှိပ်စက်တယ်?? သတ်သေချင်တယ်?? အိမ်ကနေ ထွက်ပြေးချင်တယ် ???"

တိချိုးဟယ်က ပို၍ အရှက်ရလာကာ ဆိုဖာပေါ် တစ်ကိုယ်လုံး ကွေးနေမိသည်။ ဘောင်းဘီတိုကို ဒူးခေါင်းအောက် ရောက်အောင် ဆွဲချရင် လေသံတိုးတိုးနှင့် ပြန်ဖြေသည်။
" ကိုယ် ရှင်းပြပါ့မယ်"

" ရှင်းလေ"

ဟောပိုင်က ဖုန်းကို ပစ်ချကာ တစ်ချက် မဲ့လိုက်သည်။
" ခင်ဗျားသိထားဖို့က အလိမ်စကားတစ်ခုပါတာနဲ့ မနေ့က စားခဲ့တဲ့ ခေါက်ဆွဲတွေ အကုန်ပြန်အန်ထွက်တဲ့အထိ ခင်ဗျားကို ကန်မှာ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now