Chapter 61 - လမ်းခွဲ 2

3.6K 747 32
                                    

Unicode

ဟောပိုင်က ခေါင်းငုံ့ကြည့်သည်။

တိချိုးဟယ်က ခေါင်းမော့ကြည့်၏။

နှစ်ဦးသား အကြည့်ချင်းဆုံသွားကြ၏။

" မိုက်လိုက်တဲ့ ဘော်ဒီဗျာ"
ဟောပိုင်က အံ့သြမှင်သက်သည့် လေသံနှင့် ​ပြောလိုက်သည်။

တိချိုးဟယ် တစ်ကိုယ်လုံး ရေခဲရိုက်ထားသလို တောင့်တင်းနေသည်။ ဟောပိုင်က ထိုနေရာကို စိုက်ကြည့်နေမှန်း သိသော်လဲ ဘာလုပ်ရမှန်းမသိ။ တဘက်မပါ ဘာမပါနှင့် ထိုနေရာ အကာအကွယ်မဲ့နေကာ ရှက်ဖို့ကောင်းနေသည့်အတွက် မျက်နှာရော နားရွက်ရော လည်ပင်းတွေပါ ရဲလာသည်။
" မင်းကြိုက်လို့ တော်သေးတာပေါ့..."

ဟောပိုင် : ...
ဘုရားရေ သူ ဘာတွေ လာပြောနေတာလဲ

တိချိုးဟယ် : ...
သွားပြီ စိတ်ထဲကနေ ​ပြောတာ အပြင်ကို ထွက်ကုန်ပြီ...

" ..."

"..."

စင်ပေါ်မှ မျက်နှာသစ်ဆပ်ပြာရည်ဘူးက အသံမြည်ကာ ပြုတ်ကျလာသည်။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်လုံး  လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ ဟောပိုင်က တစ်ဖက်လှည့်လိုက်ပြီး တိချိုးဟယ်က လိုက်ကာကို ကောက်ပတ်လိုက်၏။

" ရေသာချိုးလိုက်ပါတော့ဗျာ... လိုက်ကာက အရည်အသွေးမကောင်းဘူးနော်"
ဟောပိုင်က ​တီတိုးပြောဆိုနေသည်။

တိချိုးဟယ်က နီရဲနေသော မျက်နှာနှင့် တစ်ဖက်လှည့်လိုက်သည်။
" အင်း အင်း ဟုတ်တယ် အသစ်လဲရတော့မယ်"

သူတို့နှစ်ယောက်လုံး ဘာစကားမှ မပြောပဲ ရေချိုးလိုက်ကြ၏။ စခန်းမှ ကန်တင်းတွင် မနက်စာ သွားစားကြသည်အထိ တစ်ယောက်ကို တစ်ယောက် မျက်လုံးချင်း မဆိုင်ရဲကြပဲ စောစောက အဖြစ်အပျက်ကို မေ့နိုင်ရန် ကြိုးစားနေကြသည်။

" အပြင်မှာ လမ်းသွားလျှောက်ကြမလား"
တိချိုးဟယ်က ကားသော့ကို ယူကာ သတိထား၍ ​မေးလိုက်သည်။

ရေသောက်ချင်ယောင်ဆောင်နေသည့် ဟောပိုင်က လှုပ်ရှားလာသည်။
" အင်းလေ ဒီနေ့ ခင်ဗျားက ဘော့စ်ပဲကို"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now