Chapter 24 - three in one part 2

4.5K 909 16
                                    

Unicode

ဟောပိုင်လက်က ရုတ်တရက် တုန်သွား၍ ခက်ရင်းထဲမှ အသားဖတ်က ပန်းကန်ထဲ ပြန်ကျသွားသည်။ အံ့သြသွားသောကြောင့် အသံပါ ပိုကျယ်သွား၏။
" ဇာတ်ကားလား ဒါရိုက်တာကျန်းကွမ်းရှန် ရိုက်တာ??... မဟုတ်..."

သူ ရောက်လာလို့များ အရင်ဘဝက ကိစ္စတွေက ပြောင်းကုန်တာလား...

တိချိုးဟယ်က ပါးစပ်အဟောင်းသားလေး ပွင့်နေသော ဟောပိုင်ကို ကြည့်ကာ အားရပါးရ ပြုံးလိုက်၏။ ကျသွားသော အသားကို ခက်ရင်းနှင့်ထိုးကာ ဟောပိုင်ပါးစပ်နားတေ့ပေးလိုက်သည်။ အသားလေး ပါးစပ်ထဲရောက်ကာ ခက်ရင်းစနှင့် ဟောပိုင်သွားကို ထိမိသွား၏။
" အင်းလေ... ဇာတ်ကား... မင်း ကိုယ့်ကို သုံးလေးလလောက်တော့ တွေ့ရတော့မှာမဟုတ်ဘူး... အရမ်းလဲ လွမ်းမနေနဲ့ဦးနော်"

ဟောပိုင်က ခက်ရင်းကို မှုတ်ထုတ်ရင်း တိချိုးဟယ်၏ ရုတ်တရက်အပြုအမူကြောင့် စိတ်မသက်မသာ ဖြစ်သွားရသည်။

...ခက်ရင်းကြီး... သူစားထားတဲ့ ခက်ရင်းကြီးနဲ့... ငါ့ပါးစပ်ထဲကို..တံတွေးတွေ အချင်းချင်း.. သွယ်ဝိုက်အ...

တိချိုးဟယ်က ရုတ်တရက်ကြီး ပြောင်းလဲသွားသော ဟောပိုင်၏ အမူအရာကို ကြည့်ကာ သူ့ခက်ရင်းသူ ပြန်ကိုင်လိုက်သည်။ ပန်းကန်ထဲတွင် နောက်ဆုံးကျန်သော အသားဖတ်ကို ခက်ရင်းနှင့်ထိုးကာ ပါးစပ်ထဲ ထည့်ရင်း အားရပါးရ ဝါးလိုက်သည်။
" အမဲသားအတွက် ကျေးဇူးပါ... အရမ်းစားကောင်းတယ်"

.... သူ စားလိုက်တယ်.. နောက်ဆုံးကျန်တဲ့ အသားကို ငါ့သွားနဲ့ ထိထားတဲ့ ခက်ရင်းနဲ့ သူ စားလိုက်တယ်... .

ဟောပိုင်၏ အမြင်အာရုံများ ဝေဝါးကာ ပြောစရာစကားများ ပျောက်ရှ၍ အစားကိုသာ ငုံ့စားနေရန် ဆုံးဖြတ်လိုက်သည်။

အမဲသားကြော်ကို ဘာအရသာမှ မရတော့ပဲ စားလိုက်ရပြီးနောက် သူ့ကို တိချိုးဟယ်က ပန်းကန်သွားဆေးခိုင်းတော့မည်ဟု တွေးလိုက်သည်။ မမျှော်လင့်ထားစွာ တိချိုးဟယ်က သူစားပြီးသော ပန်းကန်ကိုပါ လာသိမ်း၍ သူ မသောက်သော ဝိုင်အနီကို သတိတရဖြင့် သစ်သီးဖျော်ရည်နှင့်ပါ လဲပေးသွားခဲ့သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now