Chapter 76 - မယက ကိုကို 1

3.6K 691 10
                                    

Unicode

"ရွှီရင်း"
ကျန်းရှိုးဝမ် ကြောင်သွားကာ weibo ထဲဝင်ရှာသည်။
" မင်းပြောတဲ့ ရွှီရင်းဆိုတာက ကျွင်းချန်ရဲ့ ဓာတ်ပုံဆရာပဲ.. ဝန်ထမ်းတော့ မဟုတ်ဘူး စာချုပ်နဲ့ ခေါ်ထားတာ .. ဟောပိုင်က အခု သူ့နေရာမှာ ဓာတ်ပုံရိုက်ပေးမှာလေ.. အင်း ဘာလဲ သူက မင်းခွေးပေါက်လေးရဲ့ အတန်းဖော်တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီးတော့ ခွေးပေါက်လေးကို နာမည်ဖျက်ခိုင်းတတာ သူလား.. ဟောပိုင်က ဆရာတွေနဲ့ သိတာကို အကြောင်းပြပြီးတော့ စကောလားရှစ်ကို ရအောင်ယူတယ်လို့ သူများတွေ ပြောနေတယ်ရော"

တိချိုးဟယ်က ငြိမ်သက်သွားကာ မျက်မှောင်ကြုံ့လိုက်သည်။
" ဘာဖြစ်နေတာလဲ.. ဘယ်သူက ဘာပြောတာလဲ.. ဘယ်တုန်းကလဲ"

" နာမည်တော့ မသိဘူး.. အခုလေးတင်ပဲ သတင်းတွေ အများကြီးတက်လာတာ.. နေပါဦး.. ဒီမှာ သတင်းအသစ်တက်လာသေးတယ် .. တင်တဲ့သူက ရေးထားတာ ဟောပိုင်ကို သူဌေးမတစ်ယောက်က ထောက်ပံ့ထားတာတဲ့.. သူက အတန်းဖော်တွေကိုလဲ အနိုင်ကျင့်တယ်တဲ့.. သူ့အတန်းဖော်သူဌေးသားတွေနဲ့​ပေါင်းတယ် .. ဆက်ဆံရေးမကောင်းဘူး.. ဒါတွေပဲ တက်လာတယ်.. နောက်ကွယ်က တစ်ယောက်သက်သက်ရှိတယ်နဲ့တူတယ်.. မဟုတ်ရင် ဒီလောက် မြန်မြန်ကြီး ပြန့်သွားစရာအကြောင်းမရှိဘူး.. "
ကျန်းရှိုးဝမ်က ထပ်ပြောသည်။
" ငါ ဝင်ပါလိုက်ရမလား"

သူ့ပုံစံက သူငယ်ချင်းကိုချစ်ရင် သူငယ်ချင်းရဲ့ ခွေးကိုလဲ ချစ်ပေးရမယ်ဆိုတဲ့သဘော.. သူ့သူငယ်ချင်းရဲ့ ရည်းစားဖြစ်လာမဲ့သူကို သေချာပေါက် ဂရုစိုက်ရမှာပေါ့...

တိချိုးဟယ်က မျက်မှောင်ကြုံ့နေရင်းက သေချာစဥ်းစား၍ ပြန်ဖြေသည်။
" အရင်ဆုံး ကြည့်ထားလိုက်ဦး .. ဘယ်လိုလုပ်ရမလဲ ရှောင်ပိုင်ကို မေးကြည့်လိုက်ဦးမယ်"

ကျန်းရှိုးဝမ်က ထိုစကားကြောင့် ကြောင်အသွားကာ ပြန်ပြောသည်။
" ချိုးဟယ်.. မင်း သေချာပေါက် မယက ဖြစ်မှာပဲ"

သူ့သူငယ်ချင်း တိချိုးဟယ်က ဒီလိုအချိန်မှာတောင် ဟောပိုင်ကို မေးနေရဦးမယ်ဆိုတော့ကာ .. နောက်ပိုင်းသူတို့ချစ်သူတွေ ဖြစ်သွားကြတယ်ပဲ ထားပါတော့.. ဟောပိုင်ကို တိချိုးဟယ်တစ်ယောက် ဘယ်လောက်တောင် ဖူးဖူးမှုတ်ပြီး ကြောက်မလဲ သူ တွေးလို့ရနေသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now