Chapter 108- Blocking 1

3.1K 621 4
                                    

Unicode

တရစပ်မြည်နေသော ဖုန်းကို လျစ်လျှူရှုကာ ဟောပိုင်က ကားရပ်၍ ဖုန်းမကိုင်ပဲ စာ လှမ်းပို့သည်။

ဟောပိုင် : ခင်ဗျားရဲ့ကားကို ဟိုတယ်မှာ ရပ်ထားခဲ့တယ် .. လက်ထောက်ဝမ်ကို လာယူခိုင်းလိုက် ပြီးတော့ ခင်ဗျားအလုပ်ကို သတိနဲ့လုပ်.. ပြီးရင် ကျွန်တော့်ဆီလာခဲ့.. ခင်ဗျားကို ပြောစရာရှိတယ်

ထို့နောက် ဖုန်းကို အိတ်ထဲ ထိုးထည့်ကာ ကားပေါ်မှ ဆင်း၍ ဟိုတယ်မှ အခန်းတစ်ခန်းငှားပြီးနောက် ထိုးအိပ်လိုက်လေသည်။

တစ်ညလုံး အိပ်မက်တွေ တစ်ခုပြီး တစ်ခု မက်နေသောကြောင့် ပြန်နိုးလာတော့ ဘာအိပ်မက်မှန်း စဥ်းစားမရတော့။

တိချိုးဟယ် ပြန်ပို့ထားသည့် ရေတွက်မရနိုင်သော စာများကို တိချိုးဟယ်က အကြမ်းဖျင်းဖတ်ကာ နားထင်ကို နှိပ်နယ်ရင်း သက်ပြင်းချ၏။ ခဏနားပြီးနောက် ဝမ်ဟူကို ဖုန်းဆက်ကာ ပထမဆုံးအတန်းအတွက် စာအုပ်ယူလာပေးရန် ပြောလိုက်သည်။

မနက်ရှစ်နာရီထိုးတော့ ဝမ်ပေါ်ရီက မနက်စာနှင့် ဝတ်ရန် အဝတ်အစားတို့ ယူလာပေးသည်။

" ကျေးဇူးတင်ပါတယ် .. ခဏလောက် စောင့်ဦးနော်"
ဟောပိုင်က အဝတ်အစားများကိုယူ၍ ရေချိုးခန်းထဲ ဝင်လဲလိုက်သည်။ ထို့နောက် ဝမ်ပေါ်ရီကို သူနှင့် အတူ မနက်စာစားရန် ခေါ်၏။
" ခင်ဗျားရဲ့ သခင်လေး ဘယ်တုန်းက ထွက်သွားတာလဲ"

ဝမ်ပေါ်ရီက မတ်မတ်ထိုင်၍ ရိုရိုသေသေ ပြန်ဖြေသည်။
" မနက် ၄နာရီ ၅၀ လောက်ကပါ"

ဟောပိုင် ရပ်သွား၏။ တိချိုးဟယ် ပြန်ရောက်တာ ၂နာရီထိုးလောက်ကမှ ဆိုတော့ လေဆိပ်မှာ ၂နာရီကျော်လောက် စောင့်နေရသေးတာပေါ့...

ဟောပိုင်က ရုတ်တရက် ရင်ပြည့်ကာ မစားချင်တော့ မနေ့က အိပ်မက်ကို သတိရမိတော့ ခေါင်းရမ်းကာ ဝမ်ပေါ်ရီကို မေးလိုက်သည်။
" ခင်ဗျားက တိဘီရန်အတွက် အလုပ်လုပ်ဖူးတယ်​​ကြားတယ်.. ဘယ်လောက်ကြာပြီလဲ"

ဝမ်ပေါ်ရီက ထိုမေးခွန်းကို မျှော်လင့်မထား။ သခင်လေးတိက ဓာတ်ပုံဆရာဟောနှင့် တကယ် ဘာကိုမှ လျှို့ဝှက်မထားတာပဲ..
" ၇နှစ်ကျော်ပါပြီ.. ကျွန်တော် ကျောင်းတက်တုန်းက ဆင်းရဲလို့ Huangdu က ထောက်ပံ့ပေးခဲ့တာ.. ဘွဲ့ရပြီးတာနဲ့ Huangdu က ရုံးခွဲတစ်ခုမှာ လုပ်တာ သခင်လေးရဲ့ လက်ထောက်မဖြစ်ခင်အထိပေါ့"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now