Chapter 22- လက်ဦးမှု ယူထားတာ ပိုကောင်းတာပေါ့

5K 954 16
                                    

Unicode

လမ်းကျဥ်းရှည်ရှည်လေး၏ တစ်ဖက်တွင်တော့ လမ်းမတန်းနှင့်အတူ စျေးဝယ်စင်တာတစ်ခုရှိသည်။

ဟောပိုင်က တိချိုးဟယ်နောက်မှ လိုက်လာရင်း မျက်နှာသေဖြင့် မေး၏။
" ခင်ဗျား ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲ"

တိချိုးဟယ်က လျှာထိုးဦးထုပ်အဖျားလေးကို ပိုနိမ့်သွားအောင် ဆွဲချလိုက်ပြီး လက်သွယ်သွယ်လေးများနှင့်တစ်ဖက်မှ စျေးဝယ်စင်တာကို လက်ညိုးထိုးပြလိုက်သည်။
" စျေးသွားမယ်.. အမဲသားဝယ်မယ်.. ပြီးရင် အိမ်ပြန်ပြီး ချက်ကြမယ်လေ"

ဟောပိုင်က အံ့အားသင့်သွား၏။
" ခင်ဗျားက ဟင်းချက်တတ်တယ်လား"

" မင်းပဲ ငါ့ကို အမဲသားကင် ကျွေးမယ်ဆို.."
တိချိုးဟယ်က သူ့ဘက်ကို လှည့်ကြည့်ရင်း နှုတ်ခမ်းစွန်းလေးများ ကွေးတက်လာသည်အထိ ပြုံးလိုက်သည်။ သူ့အသံက နူးညံ့ညင်သာနေပေမဲ့ ဟောပိုင်အတွက်တော့ စိတ်ပျက်ဖွယ် အတိပင်။
" အဲ့ဒါကြောင့်မို့ မင်းပဲ ချက်ကျွေးသင့်တာပေါ့.. ကိုယ်က အမဲသားရွေးမယ်လေ.. မင်း ပိုက်ဆံရှင်း"

" ကျွန်တော်မှ မချက်တတ်တာ"

" အဲ့ဒါဆိုလဲ သင်လေ"
တိချိုးဟယ်က ဟောပိုင်ခေါင်းကို ခွေးလေးတစ်ကောင်ကဲ့သို့ ပွတ်သပ်ပေးနေသည်။ ထို့နောက် ဘာမှမဖြစ်သလို နှစ်သိမ့်နေ၏။
" မကြောက်ပါနဲ့ကွာ... မင်းကို ကိုယ် ဟင်းချက်နည်းဗီိဒီယိုလေးတွေ ဖွင့်ပြမှာပေါ့.. တကယ်လို့ မီးဖိုခန်းတတစ်ခုလုံး ပြာကျသွားလဲ ကိစ္စမရှိဘူး... ပြန်လျော်ပေးလိုက်ပေါ့.. မင်းကို ၅၀ ရာခိုင်နှုန်းတောင် လျှော့ပေးဦးမှာ"

" သဘောထားကြီးပေးတာတော့ ကျေးဇူး.."
ဟောပိုင်က ခေါင်းရမ်းကာ လက်ကို ဖယ်ထုတ်လိုက်သည်။

တိချိုးဟယ်က မျက်ခုံးပင့်၍ လက်ကို ပြန်ရုတ်ရင်း ဆံပင်များကို အကြောင်းမရှိ သပ်ကာ ဦးထုပ်ပြန်ဆောင်းသည်။
" ကိုယ့်ကို အရမ်းကြီး လေးစားမပြပါနဲ့လား... နေရခက်တယ်"

"..."
အရှက်မရှိသော လူတစ်ယောက်နှင့် စကားပြောရသည်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now