Chapter 117 - လက်တွဲဖော် အဆင့်သတ်မှတ်ချက် 2

3.4K 638 11
                                    

Unicode

တိဘီရန်၏ စိတ်မဝင်စားသလို မျက်နှာပေးကြောင့် ရှေ့နေဝမ်က သက်ပြင်းချသည်။ သခင်လေး တကယ် စိတ်ဆိုးနေတာကို သူ တကယ် မသိချင်ယောင်ဆောင်နေတာလား.. ဥက္ကဋ္ဌကြီးက ဒီတစ်ခါတော့ တော်တော်လေးလွန်သွားပြီ.. အကြီးဆုံးသားကို ဒီလောက်စိတ်ပျက်စေတဲ့ဟာ.. သူသာ တိချိုးဟယ်ဆိုရင် သူလဲ...

ထိုအတွေးကြောင့် ရှေ့နေဝမ်က တိဘီရန်ကို စူးစူးရဲရဲတစ်ချက်ကြည့်ကာ ဖိုင်တွဲထဲမှ စာတစ်အိတ်ကို ထုတ်၍ ပေးလိုက်သည်။
" ဥက္ကဋ္ဌကြီး .. အဲ့ဒီ့ဘက်က ရှေ့နေပို့ပေးလိုက်တာပါ.. ဥက္ကဋ္ဌကြီးတစ်ယောက်ထဲပဲ ဖတ်ပါတဲ့"

တိဘီရန်က ချက်ချင်းမျက်လုံးပွင့်လာကာ စာအိတ်ကိုဖောက်သည်။ စာအိတ်ထဲတွင် ဘဏ်များတွင်သိမ်းထားတတ်သည့် မီးခံသေတ္တာသော့တစ်ချောင်းနှင့် စာတစ်စောင်ထွက်လာသည်။

ထိုစာက တိချိုးဟယ် ကိုယ်တိုင်လက်ရေးနှင့် ရေးထားသည့်ပုံပေါ်၏။
" သို့ ချစ်ရပါသော အဖေ... ခိုင်းထားခဲ့တဲ့ ကိစ္စအားလုံးကို ကျွန်တော် အပြီးသတ်ပြီးပါပြီ.. အဖေ့ကို ကူညီပေးရတဲ့ နောက်ဆုံးကိစ္စဖြစ်တာမို့ တကယ်ဝမ်းနည်းမိပါတယ် နောက်ဆုံးတစ်ခေါက် ပရောဂျက်အောင်မြင်တဲ့ စာရွက်စာတမ်းတွေရယ် အထဲမှာရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့ဝင်အားလုံးရဲ့စာရင်းကို ဘဏ်ရဲ့ မီးခံသေတ္တာထဲမှာ သိမ်းထားခဲ့ပါတယ်.. သော့ပါ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်.. ကျွန်တော့်ရဲ့ ဝတ္တရားကျေပွန်ပြီလို့ ထင်ပါတယ်.. ထပ်တွေ့ကြတာပေါ့ မစ္စတာ တိ"

" ထပ်တွေ့ကြတာပေါ့ မစ္စတာတိ???"

စာရွက်ကိုင်ထားသော သူ့လက်တို့ တဆတ်ဆတ်တုန်လာသည်။

အရမ်းလိမ်မာတဲ့ ချိုးဟယ်က အခု ဘယ်လိုဖြစ်....

" ဆရာဝန် ​ရောက်လာပါပြီ"
ရှေ့နေဝမ်က တိဘီရန်လက်ထဲမှ ပြုတ်ကျသွားသော စာရွက်ကို ကောက်၍ ဆရာဝန်စစ်ဆေးနိုင်စေရန် လမ်းဖယ်ပေးလိုက်သည်။

အရပ်ရှည်ရှည် မျက်လုံးပြာပြာ ဆရာဝန်က တိဘီရန်ကို သေချာစစ်ဆေးပေးပြီးနောက် မနက်ဖြန် သူ့နိုင်ငံပြန်တော့မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။ ရှေ့နေဝမ်က မျက်မှောင်ကြုံ့ကာ ​ဖျောင်းဖြသည်။
" ဥက္ကဋ္ဌကြီးက အခုမှ သက်သာခါစပဲ ရှိသေးတာ .. ရက်နည်းနည်းလောက်ပဲ ထပ်ပြီးတော့.."

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now