Chapter 19- အာဘွား မွမွ

5.9K 1K 74
                                    

Unicode

သစ်သီးခြင်းနားကို ဖုန်းသွားထိမိသော အသံတစ်ခု ထွက်လာခဲ့သည်။ ဒေါသထွက်နေသော သူ့ကို ကြည့်လိုက်ရင်း ကျန်းရှိုးဝမ်က ဖုန်းကို ငုံ့၍ ကောက်ကာ မေးလိုက်သည်။
" ဘာဖြစ်တာလဲ... အဲ့ဒီ တင်ဆက်သူကောင်မလေးက မင်းကို စိတ်အနှောင့်အယှက် ပေးလို့လား"

တိချုးဟယ်မှာ သူ့ကို ​လှောင်ပြောင်နေမည့် ဟောပိုင်ပုံရိပ်ကို မြင်​ယောင်ကာ ကြောက်ရွံ့လာခဲ့သည်။ ကျန်းရှိုးဝမ် ဘာတွေ ပြောနေသည်ကို သူမကြားရတော့ပဲ ခေါင်းတစ်ခုလုံးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ စိတ်ဓာတ်အကြီးအကျယ် ကျနေတော့သည်။

" လခွမ်းပဲကွာ"

ကျန်းရှိုးဝမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တိချိုးဟယ် ဖုန်းမှ အသံထပ်မြည်လာတော့ စုံစမ်းရန် အသင့်ဖြစ်နေ၏။

White and Whiter: ဘာလဲ ဝမ်းနည်းနေတာလား... အားတင်းထားပါ လောင်ဆန်းရ... လျို့ဟွမ်းဟွမ်းနဲ့ အစ်ကိုနဲ့က လိုက်တာလဲ မဟုတ်ဘူး... အစ်ကိုက ပိုကောင်းတဲ့သူနဲ့ တွေ့သင့်တာ

ထိုစာကြောင့် ကျန်းရှိုးဝမ်က အံ့သြရုံသာမကပဲ တွေဝေသွားရ၏။
" သူက ဟိုတစ်ခါ မင်းအကောင့်နဲ့ ငါ့ကို မက်ဆေ့ချ်ပို့ခိုင်းတဲ့ ကောင်လေးမဟုတ်ဘူးလား.မင်းရဲ့ ပရိသတ်လေ... သူက မင်းကို ဘာလို့ အစ်ကိုသုံးလို့ ခေါ်တာလဲ... သူက ဘယ်သူမို့လို့လဲ"

" ငါ့ကို အစ်ကိုသုံးလို့ ခေါ်တယ်??"
တိချိုးဟယ်က ခေါင်းပြန်မော့လိုက်ပြီး ချက်ချင်းတက်ကြွကာ ဖုန်းလှမ်းဆွဲ၍ မက်ဆေ့ချ်ကို ထပ်ခါထပ်ခါ ပြန်ဖတ်နေ၏။ သူ့မျက်နှာအမူအရာက အမျိုးမျိုးပြောင်းကာ နောက်ဆုံးတွင်တော့ မေးရိုးလေး မြင့်တက်သွားရင်း စာပြန်လိုက်သည်။

A Bird Born in Autumn : တို့က လောင်ဆန်းမဟုတ်ဘူး... ရည်းစားဟောင်းလဲ မရှိဘူး...သူလူမှားပြီး လူကို လန့်အောင်လုပ်နေတာ

ထို့သို့စာပြန်ပြီးနောက် မိန်းကလေးတစ်ယောက်က သည်လိုစကားမျိုးမပြောလောက်ဘူးဟု ခံစားမိသွားသောကြောင့် ခပ်သွက်သွက်ထပ်ရိုက်သည်။

A Bird Born in Autumn: တို့က ချစ်ဖို့ကောင်းတဲ့ စင်ဂယ်လေးပါနော်...

A Bird Born in Autumn: ဓာတ်ပုံတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်... အရမ်းကြိုက်တယ်..

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now