Chapter 90- Villa Resort 3

3.4K 685 16
                                    

Unicode

ဟောပိုင်က ငုံ့ရှောင်ရင်း ဆက်ရယ်နေသည်။

ရယ်ရလွန်း၍ မျက်နှာကြောများ တင်းလာသည်အထိ သူတို့နှစ်ယောက် စကားမပြောဖြစ်ကြ။ ထို့နောက် တိချိုးဟယ်က စိတ်တိုတိုနှင့် မျက်နှာကြီးသုန်မှုန်ကာ ရေအေးကန်ထဲ ဝင်စိမ်နေ၏။

မနက်စာ စားပြီးသည်အထိ တိချိုးဟယ်က ဘာကိုမှ မထုပ်ပိုးပဲ ရှိနေတော့ မနေနိုင်သည့် ဟောပိုင်က ဝင်မေးရသည်။
" ခင်ဗျား အဖိုးကို သွားမရှာဘူးလား.. သူတို့ပြောပုံအရဆို တစ်ခုခု ကြံစည်နေတဲ့ပုံပဲ"

" ကိုယ် လူလွှတ်ထားပါတယ်"
တိချိုးဟယ်က သရဲကားတစ်ကားကို ရှာကာ ဖွင့်လိုက်ပြီး သူ့နားလာထိုင်ဖို့ လှမ်းခေါ်သည်။
" လာ ဒီမှာထိုင်.. အားလပ်ရက်လေးရတာ  ရှုပ်ရှုပ်ယှက်ယှက်တွေ စိတ်ထဲမထားနဲ့"

ဟောပိုင်က တိချိုးဟယ်နား ထိုင်ချကာ မေးလိုက်သည်။
" ဒါက ရှုပ်ရှုပ်ယှက်ယှက်လား"

" အင်းလေ"
တိချိုးဟယ်က သူ့အဖိုးဘယ်နားမှာရှိလဲ သိတာတောင် မတုန်မလှုပ်နေနိုင်သေးသည်။
" ကိုယ့်အဖိုးက အရမ်းကြံ့ခိုင်တဲ့ စီးပွားရေးပညာရှင်လေ.. လွတ်လပ်မှုကို အရမ်းတန်ဖိုးထားတာ.. သူ့ကို ခြေချုပ်မိစေလို့ အမေ့ကိုတောင် ဒီအတိုင်းပစ်ထားတာ.. အဖွားနေမကောင်းလို့ ဆုံးပါးသွားတော့ အမေ့ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့အပ်ပြီး ကမ္ဘာအနှံ့ခရီးတွေ လျှောက်သွားတော့တာပဲ"

ဟောပိုင် : "..."
စဥ်းစားနိုင်တာထက်ကို တော်တော်လေးလွန်တဲ့ အဖေမျိုးပဲ

" ကိုယ့်အဖေရဲ့အဖေ ကိုယ့်အဖိုးပေါ့လေ .. သူက အမေ့ကို ခေါ်ထားခဲ့တာ.. ကိုယ့်အမေအရွယ်ရောက်လို့ အဖေနဲ့ လက်ထပ်တော့ အမေ့အဖေက အကုန်လုံးနဲ့ အဆက်အသွယ်မလုပ်ပဲ ပစ်ထားခဲ့တာ"
တိချိုးဟယ်က အေးဆေးစွာ ရှင်းပြနေသည်။
" ကိုယ့်အမေဘက်က အဖိုးရဲ့ ပိုက်ဆံတွေကြောင့် ကိုယ့်အဖေဘက်က အဖိုးက Huangdu ကို တည်ထောင်နိုင်ခဲ့တာ.. အဲ့ဒါကြောင့်မို့လဲ ကိုယ့်အဖေက အမေ့ကို ဘယ်လောက်ကြောက်ပြီး မုန်းနေလဲဆိုတာ နားလည်နိုင်တယ်.. ​တကယ်တမ်းပြောရရင် Huangdu ဆိုတာ တိမိသားစုနဲ့ ဖန်မိသားစုတို့ ပေါင်းပြီးတည်ထားတဲ့ ကုမ္ပဏီတစ်ခုပဲ.. ကိုယ်လဲ ဖန်မိသားစုဝင်ပဲလေ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now