Chapter 75 - တပည့်အဖြစ် လက်ခံခြင်း 4

3.3K 701 30
                                    

Unicode

ရွှီရင်းက ဟောပိုင်ကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။
" ဒီ တတိယကောင်လေးလဲ.. ဟူး"

ဟောပိုင်က နှုတ်ခမ်းလေးတွန့်ကာ ပြုံးကာ မေးလိုက်သည်။
" ပထမနှစ်ယောက်က ဘယ်သူတွေလဲ"

" ကျွင်းချန်နဲ့ တိဂျူဂျူလေး"
ရွှီရင်းက မျက်နှာပြောင်ပြောင်နှင့် သူ့ကို တောင်းဆိုသလို ကြည့်နေသည်။
" မင်းနဲ့ တိချိုးဟယ်တို့ ရင်းနှီးတယ်ဆို"

ဟောပိုင်က တအံ့တသြ  ပြန်ကြည့်သည်။
" ခင်ဗျား ​မဆွဲဆောင်နိုင်တဲ့ ဒုတိယတစ်ယောက်က တိချိုးဟယ်??"

ရွှီရင်းက ခေါင်းညိတ်ကာ မျှော်လင့်ချက်ကြီးစွာ ဆိုသည်။
" မင်းက သူနဲ့ရင်းနှီးတယ်ဆိုတော့လေ.. ကိုယ့်အတွက် သူ့ကို ဖြောင်းဖြပေးလို့ မရဘူးလား.. ကိုယ်တို့က ဆရာလဲတူတယ်လေ.. တကယ်လို့ သူ့ကိုသာ ဆွဲဆောင်နိုင်ရင် ကိုယ် မင်းကို ဘယ်လိုရိုက်ရလဲ သေချာသင်ပြပေးလို့ ရတာပေါ့.. ကိုယ့်တစ်ဘဝလုံး စုဆောင်းထားတဲ့ collection ကို မင်းကိုပြမယ်လေ"

ခန္ဓာကိုယ် အသားပေးရိုက်ထားတဲ့ collection ??? ဒါကြီးကိုတော့ ဟောပိုင် မကြည့်ချင်လောက်ဘူးထင်ပါသည်။

" မဟုတ်ပါဘူး.. ကျွန်တော် သူနဲ့ လုံးဝမရင်းနှီးဘူး. မေးထူးခေါ်ပြောလောက်ပါပဲ"
ဟောပိုင်က ပြန်မော့ကြည့်ရင်း ဖြောင်းဖြသည့် လေသံနှင့် ပြောလိုက်သည်။
" စီနီယာရယ် .. အပြင်မှာ ပြည့်စုံတဲ့ ကိုယ်လုံးပိုင်ရှင်တွေ ဒီလောက်များတာ .. ဘာလို့ ငြင်းနေတဲ့သုံးယောက်ကိုမှ ဒီလောက်မက်မောနေရတာလဲ"

" ဘာလို့လဲဆိုတော့ အဲ့သုံးယောက်က အလှဆုံးမို့လို့ပေါ့ကွာ"
ရွှီရင်းက သူ့ကို ပြန်ကြည့်ကာ ငိုတော့မလိုလေသံနှင့် ပြောလိုက်သည်။
" နှစ်ယောက်ထဲပါကွာ.. ဘာလဲ မင်းလဲ အရိုက်ခံချင်တယ်မဟုတ်လား.. ရိုက်ပေးရမှာပေါ့ကွာ..မင်းသာ ဆန္ဒရှိမယ်ဆိုရင် ဒီစီနီယာအစ်ကိုကြီးက..."

" စီနီယာအစ်ကိုကြီးက ဘာလုပ်မှာလဲ"
တံခါးပွင့်လာကာ ကျွင်းချန်က ပင်ကိုယ် အေးစက်စက်လေသံနှင့် မေးလိုက်သည်။

" ဆရာ့ကို သစ္စာဖောက်မယ်လို့"
ရွှီရင်းက စိတ်ပျက်လက်ပျက်နှင့် လက်ကာပြလိုက်ပြီး ကျွင်းချန်မှန်းသိတော့ ထိုအနားအပြေးသွားသည်။ အကြိမ်ဘယ်နှထောင်မြောက် အငြင်းခံရပြီးပြီမှန်း မရေနိုင်တော့ပေမဲ့ မျက်နှာပြောင်ပြောင် ထပ်မေးသည်။
" ကျွင်းချန်.. ဓာတ်ပုံရိုက်ပေးရမလား"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now