Chapter 98 - ကွာရှင်းပြတ်စဲခြင်း 1

3.8K 719 7
                                    

Unicode

ဟောပိုင်တစ်ယောက် စိတ်ပျက်လက်ပျက်နှင့် သူမရုံးခန်းထဲ ဝင်လာကတည်းက ဘယ်လိုအခြေအနေရှိနေလဲဆိုတာ လင်းရှ ရိပ်မိလိုက်သည်။

" အမကို အဲ့လိုကြည့်မနေနဲ့.. လာထိုင်"
သူမက ဟောပိုင်ကို ပြုံးကြည့်ရင်းက စကားမပြောဖို့ လက်ပြလိုက်ပြီး အံဆွဲထဲက စာရွက်တစ်ရွက်ထုတ်ကာ ပေးလိုက်ရင်း စကားစသည်။
" ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ အမ သိပြီးသားပါ.. အခုချိန်ထိ နေပေးလို့ မင်းကို ကျေးဇူးတင်တယ်သိလား..တကယ်တော့ Little Mermaid က မင်းကြောင့်သာ ဝန်ပေါ့သွားရတာ"

ဟောပိုင် ကြောင်သွားသည်။

" Little Mermaid စျေးကွက်ထဲ စဝင်တော့ ကျောင်းသားဖြစ်တဲ့ မင်းက ပိုပင်ပန်းတာပေါ့.. လုပ်စရာအလုပ်တွေ အများကြီး ရှိနေတာ.. ဟိုဘက် သည်ဘက် ပြေးရတာနဲ့ မင်း ခြေကုန်လက်ပမ်းကျမှာပဲ"
လင်းရှက ဖန်ခွက်ထဲ ရေဖြည့်ပေးကာ စာရွက်ကို ဖတ်ခိုင်းသည်။
" မင်း အဲ့လောက် ပင်ပန်းနေတာကို အမလဲ မြင်ပါတယ်.. မင်းရဲ့ အရည်အချင်းက အရမ်းကောင်းလွန်းတာမို့လို့ အမ မသိချင်ယောင်ဆောင်နေခဲ့တာ"

" မဟုတ်ပါဘူး အမလင်း... ကျွန်တော့်ကိုယ်စား ဒုက္ခတွေ ခံပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"
ဟောပိုင်က အခုမှ အသိစိတ်ဝင်လာကာ ပြန်ဖြေသည်။ သူမ၏ နားလည်ပေးတတ်မှုကြောင့် သူ ပို၍ အားနာနေရသည်။

Little Mermaid အဖွဲ့က တကယ်ပဲ သူ့ကို အနွံတာခံသည်။ အချိန်မှန် ရုံးတက်ပေးစရာလဲ မလိုသလို ကိစ္စသေးသေးလေးတွေလဲ လုပ်ပေးဖို့ မလို။ တစ်ဖွဲ့လုံးက အလုပ်တွေ ပြည့်နေချိန် သူ့ကိုတော့ အထူးအခွင့်အရေး ပေးထားသေးသည်။ ဒီနေ့လဲ အဆူခံရဖို့ ရောက်လာတဲ့ သူ့ကို နှစ်သိမ့်ပေးသေးသည်။

သူ အားတုံ့အားနာ ဖြစ်နေတာသိတော့ လင်းရှက ထိုကောင်လေးမျိုးကို ယုံကြည်မိသည့်အတွက် စိတ်ချသွားကာ ပြုံးပြသည်။
" မင်းလို ဓာတ်ပုံဆရာမျိုးက ကုမ္ပဏီအတွက် လိုအပ်တာထက်ပိုတဲ့ အကျိုးအမြတ်မျိုးကို ယူခဲ့ပေးပြီးပါပြီ.. မင်းသာ မရှိရင် Little Mermaid လဲ ကျားမိသားစုရဲ့ အထောက်အပံ့လိုမျိုး ရနိုင်မှာမဟုတ်ဘူး.. ပြီးတော့ ကျွင်းချန်စတူရီယိုနဲ့ လက်တွဲနိုင်ဖို့ဆို ပိုတောင် ဝေးသေးတယ်.. Little Mermaid အတွက် မင်းရဲ့ မမြင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုက မင်းကို ကုမ္ပဏီက ပြန်ပေးတာထက် အဆပေါင်းများစွာ တန်ဖိုးရှိတယ်"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now