Chapter 81 - ရန်ဖြစ်လိုက် 2

3.4K 723 6
                                    

Unicode

တိချိုးဟယ်တစ်ယောက် လိမ်လိမ်မာမာ ပြန်ဖြေသည်က အတော်အံ့သြစရာကောင်းနေ၍ ဟောပိုင် စိတ်ကြည်သွားသည်။ စာများကို ပြန်ကြည့်ပြီး မနေ့ညက ဆိုးခဲ့သည်ကို ခွင့်လွှတ်ပေးလိုက်၏။
ထို့ကြောင့် မနေ့က ကိစ္စကို ထပ်မေးသည်။
" အဲ့ဒါ ခင်ဗျား ဘာဆက်လုပ်မှာလဲ"

တိချိုးဟယ် : ကိုယ့်အဖေကို အသိပေးရမှာပေါ့.. သူတို့နှစ်ယောက် ခွေးနဲ့ကြောင်လို ကိုက်ကြတာ ကြည့်ရဦးမယ်

သူတို့မိသားစု၏ ရှုပ်ထွေးလှသည့်အတွင်းရေးကို မြင်ယောင်ကာ ဟောပိုင်က မျက်မှောင်ကြုံ့၍ ပြန်​ပြောသည်။ : ခင်ဗျားဘက် လှည့်လာအောင်လဲ မလုပ်မိစေနဲ့ဦး

တိချိုးဟယ် : စိတ်မပူပါနဲ့ ကိုယ် ကောင်း​ကောင်းကိုင်တွယ်နိုင်ပါတယ်

ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် Huangdu က ရွှေတွင်းများရှိရာ  C မြို့နယ်ထဲတွင်လဲ စီးပွားရေးအခြေချနိုင်ရန် ကြိုးစားလျက်ရှိသည်။ တိဘီိရန် ပေးထားသည့် စာရွက်စာတမ်းထဲမှ လုပ်ငန်းမှာ ချင်းမိသားစုက အတော်ထောက်ခံထားပြီး သူတို့လုပ်ချင်သည်ဟု တောင်းဆိုထားသည့် အလုပ်ဖြစ်သည်။ သို့သော် တိဘီရန်က ချင်းမိသားစု ကုမ္ပဏီကို ကြီးစိုးလာမည်စိုး၍ တိချိုးဟယ်ကို အခွင့်အရေးကောင်းကောင်းရှိလာလျှင် ထိုအလုပ်ကို ဖျက်စီးရန် စေခိုင်းထားခြင်းဖြစ်၏။

တိဘီရန်က သူ့ဘက်က ဘယ်လောက်ဆုံးရှုံးသွားပါစေ ချင်းမိသားစုကို ကုမ္ပဏီထဲမှ မောင်းထုတ်ချင်နေတာ သိသာနေသည်။ သို့သော် အခု ချင်းလီက တိဘီရန်၏ ခွင့်ပြုချက်မရပဲ အားလပ်ရက်ကို သမီးဖြစ်သူနှင့်အတူ လုပ်ငန်းအတွက် ရောက်လာခြင်းဖြစ်မည်။

ချင်းမိသားစုက လျို့မိသားစုနှင့် လက်ဆက်ရန်လဲ ရှိသေးသည့်အတွက် တိချိုးဟယ်က တခြားဘက်မှ စဥ်းစားကြည့်သည်။ ချင်းလီမှာ ယခုအချိန်တွင် တိဘီရန်နှင့် သဘောထားချင်း သိပ်မတိုက်ဆိုင်တော့ပေ။ အရင်ကတော့ တိချိုးဟယ်ကို Huangdu မှ မောင်းထုတ်ကာ ကုမ္ပဏီကိုသာ အပိုင်သိမ်းနိုင်ပါက သူတို့လေးယောက် ​ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် အခုတော့ တိမိသားစု ပိုင်သမျှကို ချင်းမိသားစုအပိုင်အဖြစ် ဖန်တီးကာ သူမနှင့် သူမသားသမီးနှစ်ယောက် အတူတူပျော်ရွှင်စေရန်သာ ဖန်တီးချင်တော့သည့်ပုံပင်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now