Chapter 77- မယက ကိုကို 2

3.3K 691 19
                                    

Unicode

ထို Album ထဲတွင် သီချင်း ၁၀ပုဒ်ပါဝင်သည်။ theme song ဖြစ်သည့် Wish မှာ မိဘထံမှ အချစ်ခံရဖို့ တောင်းဆိုသည့် သီချင်းဖြစ်၏။ တခြားသီချင်းတို့မှာ generation တစ်ခုမှ နောက်တစ်ခုကို ချစ်ခြင်း.. စုံတွဲတွေအကြား ချစ်ခြင်းနှင့် မွေးရပ်မြေကို ချစ်ခြင်းတို့ ဖြစ်ကြလေသည်။ Album တစ်ခုလုံးမှာ နွေးထွေးသည့် အကြောင်းအရာများသာ.. နောက်ဆုံးတစ်ပုဒ်က အိမ်မွေးတိရစ္ဆာန်လေးများအကြောင်း ရေးထားသည့်အတွက် နည်းနည်းမြူးကြွသည့် သီချင်းဖြစ်၏။

နေ့တစ်ဝက်ကြာအောင် ထို album ထဲမှ သီချင်းများကို ဟောပိုင် နားထောင်နေ၏။ သီချင်းထဲမှ ခံစားချက်တို့ကို အတွေးထဲ မြင်ယောင်သည်အထိပင်။

" ဆရာပြောတာကတော့ ဂျူဂျူလေးက အဓိကအကြောင်းအရာကို ချဥ်းကပ်တာ အရမ်းတော်တယ်တဲ့.. မင်းကြိုက်တဲ့ cover မျိုး သူရိုက်နိုင်မှာ.. ကိုယ် ယုံကြည်ပြီးသား"
ရွှီရင်းက ဟောပိုင်ကို ပြတင်းပေါက်မှ ငေးကြည့်နေသည့် ကျွင်းချန်နောက်မှ ပေါ်လာကာ အခန်းထဲ ဝင်သွားသည်။ ကျွင်းချန်လိုက်လာတော့ ရွှီရင်းက အခန်းထောင့်ကို လျှောက်သွားကာ ပြောလိုက်သည်။
"သူ့ဓာတ်ပုံတွေ ကိုယ် ကြည့်ဖူးတယ်.. မင်း သူ့စတိုင်ကို သဘောကျမှာပါ စိတ်ချထား"

ကျွင်းချန်က ဘေးအခန်းရှိစားပွဲပေါ်တွင် နားကြပ်တပ်ကာ သီချင်းနားထောင်နေသည့် ဟောပိုင်ကို ငေးကြည့်နေသည်။
" ကျွန်တော်လဲ အဲ့လိုပဲဖြစ်ဖို့ မျှော်လင့်ပါတယ်"

main theme song က ဟောပိုင်ကို တိုက်ရိုက်သွားထိသည်။ ဆယ်ကျော်သက်အရွယ်မှာတင် မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရသည့် ဟောပိုင်မှာ ငယ်ငယ်က မိဘများနှင့် ပျော်ပျော်ရွှင်ရွှင် နေခဲ့ရသည့် နေ့ရက်များကို ပြန်အမှတ်ရနေ၏။

သီချင်းအကုန်နားထောင်ပြီးတော့ မျက်လုံးများရဲကာ အခန်းထဲမှ ထွက်လာသည်။

ထိုအချိန်တွင် ကျွင်းချန်က ပြန်သွားပြီဖြစ်ကာ ရွှီရင်းက သူ့အနားရောက်လာသည်။

" လုပ်ပါကွာ.. ကိုယ့်ဂျူနီယာလေးက အတွင်းခံ ဝတ်ပြီး အရိုက််ခံရင် ကိုယ် ဘာပဲလုပ်ရလုပ်ရပါ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now