Chapter 48 - မြေပြင်ပေါ်သို့ လိမ့်ကျခြင်း 3

3.5K 736 3
                                    

Unicode

" Yika ဥက္ကဋ္ဌကတော့ ပါးစပ်နားရွက်တပ်ချိတ်နေလောက်ရောပေါ့ ကျားပေလေ့ရဲ့ official acc ကနေပြီးတော့ သူတို့ရဲ့ Little Mermaid စီးရီးကို ကြော်ညာပေးသလိုဖြစ်နေတာကိုး.. Yika official acc ကနေလဲ ပြန် share ထားသေးတယ် ပြီးတော့ ကြော်ညာပေးထားကြတာက နည်းနည်းနောနော အနုပညာရှင်တွေမှ မဟုတ်တာ အဲ့ဒါအပြင်ကို comment ဝိုင်းရေးဖို့ ghost writer တွေတောင် ငှားထားသေးတယ်တဲ့ အခု media တစ်ခုလုံး အဲ့အကြောင်းပဲ ပြန့်နေတာကွ"

ထင်ထားသည့်အတိုင်း အောင်မြင်လာတော့ ဟောပိုင်လဲ Little Mermaid အတွက် ဝမ်းသာပေးမိသည်။

" ဘာပဲပြောပြော Yika နဲ့ ကျားမိသားစုက အသာစီးရသွားခဲ့တာပဲကွ..မင်းရဲ့ အရင်အလုပ်ရှင်ကတော့ ကံဆိုးတာပဲကွ သိလား"
နျို့ကျွင်းကျယ်က ရုတ်တရက် အသံကျယ်လာကာ မျက်နှာမဲ့လိုက်သည်။ ထို့နောက် အိတ်ထဲမှ ဖုန်းထုတ်ကာ Weibo ကို ဖွင့်၍ သူ့ကိုပြသည်။
"မနေ့က မင်းရဲ့ပုံတွေ တင်ပြီးတော့ ညတွင်းချင်းပဲ Weibo မှာ နံပါတ်တစ်နေရာကနေ trend နေတာကွ  အခုထိပဲ.. အဲ့မှာ အင်တာနက်ဆယ်လီတစ်ယောက်က မင်းနဲ့ booking လုပ်ချင်လို့ဆိုပြီးတော့ Saint Elephant ကို tag ထားတယ်"

ဟောပိုင်လဲ စိတ်ဝင်စားလာသည်။
" Saint Elephant ကို tag တယ်လား.. အဲ့ဘက်က ဘာပြန်ပြောလဲ"

" ဘာမှကို မတုံ့ပြန်ဘူး.. ဒီတိုင်း အသေကောင်လိုပဲ"
နျို့ကျွင်းကျယ်က ဟောပိုင်နှင့် Saint Elephant တို့ ဖြစ်ပျက်ခဲ့သမျှကို သိနေ၍ Saint Elephant ကို စိတ်နာနေခြင်းဖြစ်၏။
" မင်းက Weibo follower မှ သိပ်မရှိတာ.. ပြီးတော့ မင်း Saint Elepant က ထွက်ထားတယ်ဆိုတာကို မင်း Weibo မှာ fri only နဲ့ တင်တာကိုး.. သူတို့လဲ မသိဘူးလေ.. ဟိုတစ်ခါ TVအစီအစဥ်အတွက် ရိုက်ပေးတဲ့ ဓာတ်ပုံထက်ကို ဒါက အရမ်းပေါက်သွားတာဆိုတော့ အခု မင်း Saint Elephant က ဘာလို့ထွက်သွားတာလဲဆိုတာကိုပါ ဖော်ထုတ်ချင် ထုတ်ကြတော့မှာ"

ဟောပိုင်လဲ ဖုန်းထုတ်ကာ trend ဖြစ်နေသည့် အကြောင်းအရာများကိုကြည့်၍ လတ်တလောအဖြစ်အပျက်များကို နားလည်လိုက်သည်။

Netizen တို့မှာ အတော်လေးစိတ်အားထက်သန်နေတာကြောင့် နေ့တစ်ဝက်ကျော်ကျော်ပဲ အချိန်ယူလိုက်ရသည်။ အားလုံးကို သိရှိသွားကြ၏။ ဓာတ်ပုံဆရာ မာချွန်းက ဟောပိုင်အပေါ် ပြဿနာတမင်ရှာသည်ကိုရော သူတို့သိသွားကြသည်။ Saint Elephant မှ အလုပ်လုပ်သူတစ်ယောက်က အမည်မဖော်ပဲ ထိုအကြောင်းများကို ဖော်ထုတ်လာပေသည်။ ကျားမိသားစုမှ သူတို့မြေးမလေးအတွက် အလုပ်လာအပ်သည်ကိုရော Saint Elephant က မဟုတ်မမှန် လုပ်လိုက်သည်ကိုရော ဟောပိုင် ရုတ်တရက် နှုတ်ထွက်စာ တင်ခဲ့သည်ကိုပါ ပြောပြလာသည်။ နောက်ဆုံး တစ်စုံတစ်ယောက်က ဟောပိုင်မှာ တိချိုးဟယ်နောက်ကို လိုက်နေသည့် ပါပါရာဇီကိုပါ ဓာတ်ပုံပြန်ရိုက်ခဲ့သည့်ကောင်လေးဖြစ်ကြောင်း  တိချိုးဟယ်ကိုယ်တိုင်က ဟောပိုင်ကို မိန်းကလေးကျားအတွက် ဓာတ်ပုံရိုက်ပေးရန် အကြံပြုခဲ့ခြင်းဖြစ်ပြီး ထိုအလုပ်ကို Saint Elephant က ဖြတ်လုသွားခြင်းကိုပါ ပြောလာသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now