Chapter 136 - What do u want for Christmas 1

3.2K 741 82
                                    

Unicode

သူ့ကို Huangdu အကျင့်ယုတ်တာကို တိချိုးဟယ်က ပါးပါးလေးနဲ့ ရိုက်ချသွားတာပဲ...

တိချိုးဟယ်က တကယ် အကျင့်ပုတ်လေးပဲ.

ဟောပိုင်က ကင်မရာအိတ်ကို လွယ်ကာ ရိုက်ကွင်းနား ရောက်လာခဲ့သည်။

မင်းသမီးဟွေ့.. တစ်နည်း ယွီဟွေ့သည် ဒါရိုက်တာ ကျားရှန်းတင်ပေးသော မင်းသမီးတစ်လက်ဖြစ်သည်။ သူမ၏ အနုပညာသက်တမ်း အနှစ်နှစ်ဆယ်ကျော်တွင် Movie Queen ဟုခေါ်သော ဆုအမျာစဆုံးရရှိထားသူဖြစ်ပြီး မြောက်မြားစွာသော brand တို့၏ ကြော်ညာမင်းသမီးဖြစ်ခဲ့သည်။ သူမ တောက်ပခဲ့သည့်အချိန်ကဆိုလျှင် နိုင်ငံခြားပရိသတ်ကတောင် တရုတ်နတ်ဘုရားမအဖြစ် မသိသူမရှိခဲ့။ သူမအနေနှင့် အခုလို မဂ္ဂဇင်းသေးသေးလေးအတွက် အပျော်ရောက်လာကာ ကူညီပေးသေးသည်။ သူမက အနားယူနေပေမဲ့လဲ တစ်ချိန်က C မဂ္ဂဇင်း၏ နိုင်ငံတကာ ထုတ်ဝေမှုများတွင်သာ ပါခဲ့ဖူးသည်မို့ ပြည်တွင်းcover အတွက် ရိုက်ပေးပါမည်ဟု သူမဘက်မှ ကမ်းလှမ်းလာသောအခါ ရိုက်ကူးရေးတစ်ဖွဲ့လုံး အတော်ကြောင်နေကြသည်။

ယွီဟွေ့လို စူပါစတားတစ်ယောက်အတွက် ပရိသတ်က နေရာတိုင်းတွင် ရှိနေသည်။C မဂ္ဂဇင်း၏ မိတ်ကပ်ဆရာမလဲ အပါအဝင်ဖြစ်သည်။ သူမ၏ idol အတွက် မိတ်ကပ်ပြင်ပေးနေရသောကြောင့် လက်တွေပါ တုန်နေ၍ eyeliner ပင် တွန့်လုလု ဖြစ်နေသည်။

" စိတ်လျှော့ထားပါ"
ယွီဟွေ့က တည်တည်ငြိမ်ငြိမ်နှင့် အေးအေးလေး ပြန်ပြောသည်။ ရိုးရှင်းသော ဂါဝန်နှင့် ကပိုကရိုဆံထုံးလေးနှင့် ထိုင်နေရင်းက ဆက်ပြောသည်။
" အမကို လှလှလေး လိမ်းပေးရမယ်နော်... ဒီမှာ အရေးအကြောင်းတွေ တွေ့လား အကုန်ဖုံးပစ်နော်"

မိတ်ကပ်ဆရာမက ယွီဟွေ့စကားကြောင့် ပို၍ပင် အားတက်သွားရသည်။ မျက်နှာလေးရဲကာ ခေါင်းတညိတ်ညိတ်လုပ်နေ၏။
" မဟုတ် မဟုတ်ပါဘူး.. ကျွန်မ အရေးအကြောင်းတစ်ခုတောင် မတွေ့ရပါဘူး.. မမ အသားအရေက အရမ်းလှတာပဲ... လိမ်းရတာကိုက ချောမွေ့နေတာပဲ.. မျက်နှာပြောင်လေးကိုက လှနေတာ "

ယွီဟွေ့က မိတ်ကပ်ဆရာမ၏ ချီးကျူးစကားကြောင့် စိတ်ကျေနပ်သွားပုံရ၏။ ထို့ကြောင့် မိတ်ကပ်ဆရာမကို သေချာကြည့်ကာ မေးလိုက်သည်။
" အမနဲ့ ဘယ်မိတ်ကပ်မျိုးက အလိုက်ဖက်ဆုံးဖြစ်မလဲ ..  ဒီနေ့ရိုက်ကွင်းရဲ့ theme က ဘာလဲ .. စိတ်ဝင်စားဖို့ကောင်းလား"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now