Chapter 111- အန္တရာယ်စက်ကွင်း 1

3.2K 686 26
                                    

Unicode

တစ်နာရီခန့်ကြာပြီးနောက် တိချိုးဟယ်က ဟောပိုင်ကိုခေါ်ကာ ရေကူးကန်နှင့် ဥယျာဥ်ပါသည့် အိမ်ကြီးတစ်အိမ်ကို ခေါ်သွားလေသည်။ ဟောပိုင်က အားကျစွာ ကြည့်လိုက်ရင်း မေးလိုက်သည်။
" ဒါ ခင်ဗျားပိုင်တာလား"

" အင်း ကိုယ့်အပိုင်"
တိချိုးဟယ်က ခေါင်းညိတ်ကာ ကျယ်ဝန်းလှသော ခြံကြီးကို ဟောပိုင်နှင့်အတူ လျှောက်ကြည့်ကြသည်။
" ကိုယ့်အဖိုး ပေးတာ"
သူက ထပ်ပြော၏။

ဟောပိုင်က ကြောင်သွားကာ တိချိုးဟယ်ဘက် လှည့်ကြည့်သည်။
" ခင်ဗျားရဲ့အဖိုး???"

" အင်းလေ"
တိချိုးဟယ်က ခေါင်းညိတ်ကာ ဟောပိုင်ကို ပြန်ကြည့်၍ တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
" ကိုယ့်ရဲ့အဖိုး"
အကြာကြီးပျောက်ဆုံးနေသည့် ဆွေမျိုးကို ပြန်ရှာတွေ့ခြင်းအပေါ် ဝမ်းသာခြင်း ပျော်ရွှင်ခြင်း အရိပ်အငွေ့ပင် မတွေ့ရ။

အိမ်တံခါးပွင့်လာ၍ တိချိုးဟယ်အသံက ပဲ့တင်ထပ်သွားသည်။ တစ်ခေါင်းလုံးဖြူဆွတ်နေသည့် အဖိုးအိုတစ်ယောက်က ဝှီးချဲပေါ် ထိုင်နေသည်။ ထိုဝှီးချဲကို တွန်းလာသူက...

" ဟူကျောက်??"
ဟောပိုင်က တအံ့တသြငေးကြည့်နေသည်။
" ခင်ဗျားက.. တိအိမ်တော်ရဲ့ အိမ်ထိန်း.. အိမ်ထိန်းမဟုတ်ဘူးလား... ဘာလို့ဒီကိုရောက်နေတာလဲ..."

" သခင်လေးတိ .. ဓာတ်ပုံဆရာဟော...ကြိုဆိုပါတယ်"
ဟူကျောက်က သူတို့နှစ်ယောက်ကို ရိုရိုသေသေ နှုတ်ဆက်လိုက်ပြီးမှ ဟောပိုင်ဘက် လှည့်သည်။
" ဓာတ်ပုံဆရာဟော... ကျွန်တော်က တိအိမ်မှာ အလုပ်လုပ်ဖို့ နှစ်ပေါင်းများစွာထဲက တာဝန်ကျတာပါ..  အခုတော့ ဒီကိုပြန်လာတာပါ"

ဟောပိုင် လုံးဝ အံ့သြနေသည်။

ဘာတွေဖြစ်ကုန်တာလဲ... တိဘီရန်ရဲ့ လူယုံက တိချိုးဟယ်ရဲ့ သူလျှိုဖြစ်သွားတာလား.. ဆေးရုံမှာတုန်းက သူတို့အချင်းချင်း သိပ်တောင် မသိခဲ့ကြဘူးလေ...

သူ့ရှေ့မှာ အဲ့လိုသရုပ်ဆောင်တာတော့ မဖြစ်နိုင်။ ဟူကျောက်ကို သူ့ဘက်ကလူမှန်း သေချာမသိ၍ တိချိုးဟယ် အတော်စောင့်ကြည့်နေမှန်း ဟောပိုင် သေချာမြင်လိုက်သည်လေ။ ဟောပိုင် ​စိတ်ရှုပ်နေသည်ကိုကြည့်၍ တိချိုးဟယ်က ပြုံး၍ ရှင်းပြသည်။
" ဦးလေးဟူက ကိုယ့်အဖိုးရဲ့ လူယုံပါ.. ကိုယ်လဲဟအရင်က မသိခဲ့ဘူး"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now