Chapter 28- Nagging Housewife part 2

4.5K 941 47
                                    

Unicode

ဟောပိုင်က ပါးစပ်ထဲမှ သွားတိုက်ဆေးအမြှုပ်များကို ဘေစင်တွင် ထွေး၍ ပလုတ်ကျင်းလိုက်သည်။

ထို့နောက် မျက်နှာသစ်ကာ ဖုန်းကောက်ကိုင်ရင်း စောစောက WeChat မှ ဝင်လာသော စာကို ဖွင့်ကြည့်၏။ သူ့ကို မဆက်သွယ်တာ အတော်ကြာပြီဖြစ်သည့် ဝယ်သူကောင်မလေးထံမှ စာလာခြင်းပင်။

A Bird Born in Autumn:  တို့ ဒေါသထွက်လို့သေတော့မယ်သိလား ရှောင်ပိုင်ရယ်... အခုတလော လူနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်တာမကြာသေးဘူး.... သူတို့က ကောင်းပါတယ် ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်က တို့မိထွေးလက်အောက်မှာ တိုက်ရိုက်လုပ်နေတဲ့သူမှန်း မထင်ထားခဲ့ဘူး.. တို့နဲ့ တမင်တကာ သူငယ်ချင်းလာလုပ်တာ သိလား...

A Bird Born in Autumn: တို့ အလိမ်ခံလိုက်ရတာ သိလား... အသက်မရှင်ချင်တော့ဘူး... သေပဲ သေလိုက်ချင်တော့တယ်...

ဟောပိုင်က ဝင်လာသော စာများကို ဖတ်ရင်း သက်ပြင်းချလိုက်မိသည်။ သူ့ WeChat ထဲတွင် အိုင်ဒေါနှင့်အတူ အရူးလိုက်လိုက်ထသော ပရိသတ်ကောင်မလေးတစ်​ယောက်ရှိနေတာကို သူမေ့မလိုပင် ဖြစ်သွားသေးသည်။

White and Whiter: မင်းအိုင်ဒေါရဲ့ ဓာတ်ပုံတွေကို သေချာပြင်ပြီး ပို့ပေးမယ်လေ... ဘယ်လိုလဲ..

A Bird Born in Autumn: မလုံလောက်ဘူး... သူ့ကို Weibo ပြန်သုံးစေချင်တာ..

White and Whiter: အဲ့ဒါတော့ မလွယ်လောက်ဘူးထင်တယ်... ဒါမှမဟုတ် အိုင်ဒေါပြောင်းကြိုက်ကြည့်ပါလား...

A Bird Born in Autumn: သူက တို့ကို တခြားသူ ပြောင်းကြိုက်ဖို့ လာပြောနေတာလား... တော်တော်လေး လွန်သွားပြီ... သူ  လူရော ဟုတ်ရဲ့လားဟင်

White and Whiter: ...

A Bird Born in Autumn: ရှောင်ပိုင်လို့... ဒီမှာအရမ်းဝမ်းနည်းနေတာကို....

မျက်နှာကို ပြောင်အောင်သုတ်ရင်း ဟောပိုင်မှာ စာပြန်ရိုက်ရသည်။

White and Whiter: အဲ့ဒါဆို မင်း ဘာလိုချင်လဲ ပြောကြည့်လေ... ကျွန်တော်တတ်နိုင်တာဆို လုပ်ပေးပါ့မယ်....

A Bird Born in Autumn: တို့ကို အသံမက်ဆေ့ချ်ပို့တာ ကြိုက်တယ်... Good night တို့ ဘာတို့ပေါ့... မက်ဆေ့ချ်အစပိုင်းမှာ Autumn လေးရေ.. ဆိုတာလေး ထည့်ပေး.. အဲ့ဒါလေးကို ညဘက်အိပ်ဖို့ alarm ပေးရင် သုံးလိုက်မယ်လေ နော်....

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now