Chapter 38- အသုံးမကျသော အမှတ်တရများ 4

4.2K 832 6
                                    

Unicode

" ရှောင်ဟော.."
မမလီမှာ ဟောပိုင်၏ ပြတ်သားသောတုံ့ပြန်မှုအတွက် စကားပြန်ပြောစရာမရှိ။

" အမလီ"
ဟောပိုင်က လီရု၏ စကားကိုဖြတ်ကာ အသံတိုးတိုးနှင့် ဆက်ပြောသည်။
" အလုပ်အပ်တဲ့သူက ကျွန်တော့်ကိုလာရှာတဲ့အကြောင်း မမလီ ကျွန်တော့်ကိုမပြောပြတာ ဘာလို့လဲလို့တော့ ကျွန်တော် မမေးတော့ဘူး..အမလဲ သူဌေးစကားနားထောင်ရမှာပေါ့..ကျွန်တော်နားလ​ည်ပါတယ်.. ဒါပေမဲ့ ကျွန်တော့်ရဲ့ စည်းမျဥ်းစည်းကမ်းကိုတော့ သနားလို့ဆိုပြီး လက်လျှော့လိုက်မှာမဟုတ်ဘူး.. Saint Elephant က အလုပ်အပ်သူရဲ့ ဆန္ဒကို လျစ်လျှူရှုပြီး ကိုယ့်အကျိုးအတွက်ကိုပဲ ကြည့်တာ.. အဲ့လို အလုပ်တိုက်မျိုးက ကြာကြာ မတောင့်ခံနိုင်ဘူး... အမရဲ့ အရည်အချင်းတွေကို ဒီလိုနေရာမျိုးမှာ အလဟဿ အဖြစ်ခံလိုက်မလို့လား"

လီရုတစ်ယောက် ငြိမ်ကျသွားသည်။ နှစ်အတော်ကြာ စိတ်နှစ်ပြီး အလုပ်ကြိုးစားပေးခဲ့သည့် သူ့မျက်နှာကိုမှမထောက် လူတစ်ဦးတစ်ယောက်၏ စကားကိုယုံကာ တာဝန်ရပ်ဆိုင်းခံလိုက်ရသည်ကို မျက်လုံးထဲ မြင်ယောင်လာ၏။

" ကိုယ် သဘောပေါက်ပါတယ်"
လီရုက သက်ပြင်းအရှည်ကြီးချကာ အားတင်း၍ ပြုံးလိုက်သည်။
" မင်းကိုလဲ ကိုယ်တောင်းပန်ရဦးမှာ.. ကိုယ့်အမှားလဲ ပါပါတယ်.. မင်းရဲ့အကြံဉာဏ်ကို သူဌေးသိအောင်ပြောလိုက်မယ်.. ကျေးဇူးနော် ရှောင်ဟော.."

ထို့နောက် ဖုန်းကျသွားသည်။ ဖုန်းမျက်နှာပြင်ကို အကြာကြီးစိုက်ကြည့်နေရာမှ ဟောပိုင်က သက်ပြင်းချ၏။ ထိုစဥ် စာတစ်စောင် ဝင်လာသည်။

လီရု: အလုပ်အပ်သူရဲ့ ဖုန်းနံပါတ်က 13XXXXX ပါ.. ဒီကိစ္စကိုရှင်းပြီးရင် ကိုယ်လဲ Saint Elephant ကနေ ထွက်ပြီးတော့ တခြားကုမ္ပဏီတွေမှာ စုံစမ်းကြည့်မယ်.. ကိုယ် တောင်းပန်ပါတယ် ပြီးတော့ ကျေးဇူးလဲ တင်တယ်နော်.. နောက်မှ ထပ်တွေ့ကြမယ်"

ဟောပိုင်က ထိုစာကြောင့် အံ့အားသင့်သွားရပြီး ပြုံး၍ စာပြန်ရိုက်သည်။

ဟောပိုင်: နောက်ထပ် ထပ်တွေ့ရမဲ့နေ့တွေကို မျှော်လင့်နေပါ့မယ်

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now