Chapter 55- Summer Cold 3

3.5K 729 40
                                    

Unicode

" အဲ့ဒါဘယ်သူလဲ"
တိချွန်းဟွာက ရှူးရှူးရှားရှားနှင့် အသံကျယ်လာသည်။
" ဟိုကောင် တိချိုးဟယ်မဟုတ်ဘူးလား.. သူဆိုတာ သမီးသိနေတယ် .. သူ့ကို နင်းချေပစ်ရမယ်"

" ခုနကပဲ အမေ ဘာပြောထားလဲ"
ချင်းလီက တိချွန်းဟွာကို တင်းတင်းကိုင်ရင်း လက်ထောက်အန်းကို ဖုန်းခေါ်သည်။ ထို့နောက် အသံတိုးတိုးနှင့် ပြော၏။
" ချိုးဟယ်တော့ မဖြစ်နိုင်ဘူး.. ဒီလိုမျိုး ချက်ချင်းအုံကြွလာအောင် လုပ်ဖို့ဆိုတာ အဆက်အသွယ်အများကြီးလိုတယ် သူ့မှာ ဒီလောက်ထိ အာဏာမရှိဘူး"

"အဲ့ဒါဆို သမီးကို ဘယ်သူက ပစ်မှတ်ထားနေတာလဲ"
တိချွန်းဟွာက မေးလိုက်သည်။

ရုတ်တရက် အိမ်ထိန်းတစ်ယောက် တံခါးလာခေါက်သည်။
" သူဌေးကတော်ရှင့် သူဌေးပြန်လာပါပြီ သူဌေးကတော်ကို ရှာနေပါတယ်"

ချင်းလီက ချက်ချင်း မဲ့ပြုံးတစ်ချက်ပြုံးကာ ပြန်တည်သွားသည်။ တိချွန်းဟွာကိုပါ ဆွဲခေါ်ကာ အိမ်ထိန်းကို ပြောလိုက်သည်။
" အင်း လာခဲ့မယ်"

" အမေ!!"
တိချွန်းဟွာက သူမအမေ၏ မဲ့ပြုံးကြောင့် လန့်သွားသည်။
" အမေနဲ့ အဖေတို့ ဘာဖြစ်နေကြတာလဲ"

" ဘာမှမဖြစ်ပါဘူး"
ချင်းလီက တိချွန်းဟွာကို ဆံပင်သပ်ပေးရင်း ပြုံးပြသည်။
" ချွန်းဟွာ.. သမီးနဲ့ ရှားစုန်းအတွက် အမေ ဘယ်လောက် သည်းခံပြီး စွန့်လွှတ်ခဲ့ရတယ်ဆိုတာကို မှတ်ထားနော် အဲ့ဒါမှ နောက်ကျရင် သမီးတို့ ဘယ်သူ့ကိုမှ ခေါင်းမော့ကြည့်ရအောင် .. အဲ့ဒါကြောင့်မို့ ခဏပဲ သည်းခံ ဟုတ်ပြီလား"

တိချွန်းဟွာက သိပ်နားမလည်ပေမဲ့ ခေါင်းညိတ်လိုက်သည်။

နယ်စပ်ဒေသတစ်နေရာတွင်

တိချိုးဟယ်က ပြတင်းပေါက်ဘောင်ကို မှီကာ လက်ထဲမှအကြွေစေ့ကို လှည့်ကစားနေသည်။
" အဲ့ဒီတော့ လက်ထောက် အန်းက မင်းနဲ့ တွဲကြမယ်တဲ့လား"

ဝမ်ပေါ်ရီက ခေါင်းညိတ်သည်။
" သူ့ရဲ့စိတ်ရင်းကို ပြပြီးပြီလို့ ပြောပါတယ်"

တိချိုးဟယ်က မျက်ခုံးပင့်ကာ ပြုံးကြည့်သည်။
" မင်းရဲ့ဆုံးဖြတ်ချက်ကျရော"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now