Chapter 51 - A clap 2

3.6K 705 14
                                    

Unicode

ကျန်းရှိုးဝမ်က စာပြန်ပို့သည်။
" သတ်ပြီး စားလိုက်"

တိချိုးဟယ်က မျက်လုံးပြူးသွားကာ ဖုန်းပိတ်၍ ခေါက်ဆွဲ ဆက်စားနေသည်။ သူ့ရဲ့ ချစ်လှစွာသော ခွေးပေါက်လေးနဲ့ ရင်းနှီးမှုရယူနေတဲ့အချိန်ကို အနှောင့်အယှက်အဝင်ခံလို့မှ မဖြစ်တာ...

ခေါက်ဆွဲတစ်ဝက်လောက် ကုန်တော့ ရေချိုးခန်းတံခါးပွင့်လာသည်။ ဟောပိုင်က ဘောင်းဘီတို စွပ်ကျယ်နှင့် တစ်ကိုယ်လုံး ဆပ်ပြာနံ့များသင်းကာ ဆံပင်သုတ်ရင်း ထွက်လာ၏။ တိချိုးဟယ်က တူကို ပါးစပ်ထဲ ထည့်မိရင်း ကြောင်အသွားပေမဲ့ ချက်ချင်း ဣနြေဆည်လိုက်နိုင်ကာ ခေါက်ဆွဲဆက်စား၏။

" ခင်ဗျား ဝပြီလား"
ဟောပိုင်က တိချိုးဟယ်တစ်ယောက် ကုန်ခါနီးခေါက်ဆွဲကို အငမ်းမရစားနေသည်ကို တွေ့တော့ နောက်တစ်ထုပ်ထပ်ပြုတ်ရန် ခေါက်ဆွဲခြောက်ထုပ်ကို လှမ်းယူလိုက်သည်။
" ကျွန်တော့်အမှားပါ..လေ့ကျင့်ရေးဆင်းနေရတော့ ဗိုက်ဆာမှာပဲကို ခုနက တစ်ခါထဲ နှစ်ထုပ်လောက် ပြုတ်ပေးခဲ့သင့်တာ.. ဒီခေါက်ဆွဲက တော်တော်ကောင်းတယ် တကယ်လို့ ခင်ဗျားမကုန်လဲ ကျွန်တော် ကျန်တာဆက်စားလိုက်မယ် သိလား"

ဟောပိုင်က ခေါက်ဆွဲကို ကျွမ်းကျွမ်းကျင်ကျင် ပြုတ်နေတန်း တိချိုးဟယ်မှာ စွပ်ကျယ်ကိုသာ အကြည့်ရောက်နေ၏။

ဟောပိုင်က ရေနွေးကို ငုံ့ယူတော့ စွပ်ကျယ်အနားက လျော့ရဲရဲနှင့် အတွင်းမှ နို့သီးရဲရဲလေး နှစ်လုံး ပေါ်လာသည်။

တိချိုးဟယ်လက်ထဲမှ တူနှစ်ချောင်း ​ကြမ်းပြင်ပေါ် ပြုတ်ကျသွားရှာလေသည်။

" ခင်ဗျားကလဲ..."
ဟောပိုင်မှာ တိချိုးဟယ်ကို မော့ကြည့်ရင်း ကြမ်းပြင်မှ တူနှစ်ချောင်းကို ကောက်ကာ အမှိုက်အိတ်ထဲ ထည့်သည်။ စျေးဝယ်အိတ်ထဲမှ တူအသစ်တစ်စုံကို တိချိုးဟယ် လက်ထဲ ထည့်ပေးရင်း ပွစိပွစိ ရေရွတ်၏။
" ဒါ မပြုတ်ကျစေနဲ့ဦးနော်.. အဆောင်မှာ တစ်ခါသုံးတွေ ဝယ်ထားတာ ကုန်တော့မှာ "

" ဟို.. ဟို.. ခုနဟာ ဆေးပြီး ပြန်သုံးလဲ ရ ရပါတယ်"
တိချိုးဟယ်က ဟောပိုင်အကြည့်တွေကို ရှောင်ရင်း တူအသစ်တစ်စုံကို တင်းတင်းကိုင်ကာ ခေါက်ဆွဲပန်းကန်ကိုသာ အာရုံစိုက်ထားသည်။ ဘယ်ကိုမှ လျှောက်မကြည့်ရဲတော့။
" ခွေးပေါက်လေးကလဲ.. ငါတို့နှစ်ယောက်ထဲ ရှိတာဆိုပေမဲ့ အဲ့လို လက်လွတ်စပယ် မနေရဘူးလေ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now