Chapter 82 - ရန်ဖြစ်လိုက် 3

3.4K 728 21
                                    

Unicode

ထိုအကြောင်းကို ဟောပိုင် weibo ပေါ် တင်ပြီးနောက်တွင်တော့ B list သရုပ်ဆောင်များ ဟောပိုင်ကို အတင်းအကြပ် ဓာတ်ပုံရိုက်ခိုင်းရင်တောင် ကျွန်းချန်နာမည်သုံး၍ ငြင်းလို့ရသည်။

တကယ်တော့ ကျွင်းချန်က သူ အင်တာနက်ပေါ် မကောင်းသတင်းပြန့်နေတာ သိတာတောင် သူနဲ့ အလုပ်ဆက်တွဲလုပ်ပေးကာ ထိုကိစ္စကို ရှင်းလင်းအောင်ပင် ကူညီပေးသေးသည်။

ဝမ်ပေါ်ရီထံမှ သတင်းရရချင်း တိဘီရန်က D မြို့ကို လိုက်လာကာ တိချိုးဟယ်နှင့် ကိုယ်တိုင်လာတွေ့သည်။ ချင်းလီကတော့ လုံးဝမသိ။

" ဘာတွေဖြစ်နေတာလဲ"
တိဘီရန်က တိချိုးဟယ်ကို နေကောင်းလားတစ်ချက်မမေးပဲ သူသိချင်တာကိုသာ မေးလေ၏။

တိဘီရန်နှင့် အတူပါလာသော လူများကို ကြည့်ကာ တိချိုးဟယ်က တွေဝေ၍စိုးရိမ်နေဟန်ဆောင်လိုက်သည်။ အိတ်ကပ်ထဲမှ ဓာတ်ပုံကို ထုတ်ကာ တိဘီရန်ကို မပေးချင်ပေးချင်နှင့် ပေးလိုက်သည်။
" အဖေလဲ သိမှာပေါ့ .. ကျွန်တော် ကျောင်းက ဂျူနီယာလေးတစ်ယောက်နဲ့ ရင်းနှီးနေတာ နည်းနည်းတောင် ကြာနေပြီလေ.. သူက Yika မှာ အလုပ်လုပ်တယ် .. ဟိုတစ်နေ့က အဆိုတော်ကျွင်းချန်နဲ့ သူ C မြို့မှာ အလုပ်သွားလုပ်တော့.. ဒီပုံကို လေဆိပ်မှာ အမှတ်တမဲ့ ရိုက်မိသွားတာပါ.."

တိဘီရန်က ဓာတ်ပုံကို သေချာကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။ သူ့လူတွေဘက်လှည့်ကာ ထိုဓာတ်ပုံကို ကမ်းပေးလိုက်ပြီး တိချိုးဟယ်ကို မေးသည်။
" ဒီဟာရိုက်ထားတာ တော်တော်တောင်ကြာနေပြီ.. မင်း ဘာလို့စောစောမပြောတာလဲ"

တိချိုးဟယ်က တိဘီရန်၏ အသံကြောင့် စိတ်ပျက်သွားဟန် မျက်လုံးအောက်ချကာ ပြန်ဖြေသည်။
" ကျွန်တော်လဲ အန်တီချင်းနဲ့ ချွန်းဟွာ ပုံမှန်း မသိခဲ့ဘူး.. လက်ထောက်ဝမ်က မြင်ပြီးတော့ ပြောမှ သိတာပါ.. နောက်မှ လက်ထောက်ဝမ်သတိပေးလို့ အန်တီချင်းနဲ့ ချွန်းဟွာတို့နှစ်ယောက် နိုင်ငံခြားခရီးထွက်ကြမဲ့အကြောင်းကို သိရတာ .. အဲ့ဒါကြောင့်မို့ တစ်ခုခုလွဲနေတယ်လို့ ထင်တာပါ.. အဲ့ဒါကြောင့် ကျွန်တော်... အဖေရယ် လက်ထောက်ဝမ်တောင် အဖေနဲ့ တိုက်ရိုက်အဆက်အသွယ်ရတယ် ဒါပေမဲ့ ကျွန်တော်မရဘူးလေ.. ကျွန်တော် တကယ်ဝမ်းနည်းတယ်သိလား"
တိချိုးဟယ်က တိဘီရန်တစ်ဖက်လှည့်နေတုန်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now