Chapter 88- Villa Resort 1

3.6K 659 55
                                    

Unicode

မိုးက လောင်းချနေသည်ဟု ထင်ရ သည်းသထက် သည်းလာသည်။

နှစ်ယောက်သား ကားဆီသို့ပြေးလာကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံး ကြွက်စုတ်လေးတွေလို စိုရွှဲနေကြ၏။

" ဟား ဟား.. ပျော်စရာကြီး"
ဟောပိုင်က အပေါ်အင်္ကျီကို ချွတ်၍ ရေစိုနေသော ဆံပင်များကို လက်နှင့် ဖွနေသည်။ သူ့ကြည့်ရတာ စိတ်ကောင်းဝင်နေပုံရပြီး ပါးချိုင့်လေးတစ်ဖက် ပေါ်သည်အထိ ပြုံးနေသောကြောင့် တိချိုးဟယ် ငေးမိသွား၏။

" တော်သေးတာပေါ့ ကင်မရာမယူသွားမိလို့"
ဟောပိုင်က ကုတ်အင်္ကျီကို လုံးထွေး၍ ကားနောက်ထဲ ပစ်ထည့်ကာ တိချိုးဟယ်မျက်နှာကို စောင်နှင့် အုပ်လိုက်သည်။ ထို့နောက် တဘက်တစ်ထည်နှင့် မျက်နှာပေါ်မှ မိုးရေစက်များကို သုတ်နေသည်။
" ရော့ .. ခင်ဗျားရဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်ဦး.. ရေခြောက်အောင် သုတ်.. နောက်နှစ်ရက်နေရင် ရိုက်ကွင်းရှိသေးတာကို .. ဖျားလို့မဖြစ်ဘူး"

တိချိုးဟယ်က စောင်ကိုလှမ်းယူလိုက်သည်။ တစ်လမ်းလုံး ဟောပိုင်ခြုံလာခဲ့သည့်အတွက် စောင်လေးက ဟောပိုင်၏ ကိုယ်သင်းရနံ့တို့ပြည့်နေသည်။ ဖွာလန်ကြဲနေသော ဟောပိုင်၏ ဆံပင်တို့ကို မြင်လိုက်ရတော့ လက်တုန်ခြေတုန်နှင့် ကုတ်အင်္ကျီကို လိပ်ကဲ့သို့ ဖြည်းဖြည်းချင်း ချွတ်နေသည်။

" မြန်မြန်လုပ်"
ဟောပိုင်က တိချိုးဟယ် နှေးတိနှေးတုံ့လုပ်နေသောကြောင့် ကုတ်အင်္ကျီကို ကူချွတ်ပေးကာ တဘက်နောက်တစ်ထည်ရှာ၍ ပစ်ပေးလိုက်ပြန်သည်။ ဖုန်းထဲမှ နာရီကိုကြည့်လိုက်ရင်း အကြံပြုသည်။
" ထမင်းအရင် သွားစားရအောင် .. ပြီးမှ အင်္ကျီသွားဝယ်ကြတာပေါ့.. ပြီးရင် ပြန်ကြမယ်.. မဟုတ်ဘူး.. ခင်ဗျား လူကြားထဲလျှောက်သွားရင် ထင်းထွက်နေမှာ.. အပြင်လျှောက်သွားလို့မရဘူး.. ခင်ဗျား size ဘယ်လောက်ဝတ်လဲ.. ကျွန်တော်သွားဝယ်ပေးမယ်.. ကားထဲမှာပဲစောင့်.. mask ရယ် နေကာမျက်မှန်ရယ်ပါ ဝယ်ရမယ် .. ခင်ဗျား အဆင်သင့် မဖြစ်မချင်း ကျွန်တော်တို့ နေ့လည်စာ သွားစားလို့ မရဘူး"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now