Chapter 4- White and Whiter

8K 1.3K 82
                                    

Unicode

တိချိုးဟယ်က လှမ်းနေသော ခြေလှမ်းကို ရပ်၍ သူ့ဘက်ကို လှည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းများက နူးညံ့စွာ ကွေးညွတ်ရင်း အသံသြသြက ဆွဲဆောင်မှု ရှိစွာနှင့် လမ်းကြားထဲမှ ထွက်လာခဲ့သည်။
" အနာဂတ်ကို ဖတ်မယ်???"

ဘာလို့ ဒီလူရဲ့ အသံက တစ်မျိုး ဖြစ်နေရပါလိမ့်... ဟောပိုင်က ဆွဲဆောင်မှု ရှိလွန်းသော အသံကြောင့် ရုတ်တရက် နောက်ကို ​ခြေတစ်လှမ်း ဆုတ်ကာ ထိုလူကို ပြန်ခေါ်မိခြင်းအတွက် နောင်တ ရမိသွားသည်။ သူ ဘာဖြစ်နေလဲ သူ ကိုယ်တိုင်ပင် မသိ။ ဘယ်ဘက် ရင်အုံရှိ နှလုံးသားမှာ ပေါက်ကွဲထွက်မတတ် ပြင်းထန်စွာ ခုန်နေပြီး သွေးများ တစ်ကိုယ်လုံးဆီသို့ အရှိန်နှင့် စီးဆင်းနေသလို ခံစားနေရသည်။ ထိုလူကို အပြင်တွင် နှစ်ခါသာ သူ.တွေ့ဖူးသေးသော်လဲ ဒီခံစားချက်ကြီးက ဘာကြီးပါလိမ့်...

ဟောပိုင် စိတ်တို့က ပုံမှန် မဟုတ်တော့။ သို့သော် ကင်မရာကို ပွတ်လိုက်ကာ သူ့ရှေ့တွင် ရှိသော လူငယ်လေး၏ အတောက်ပဆုံး ငယ်ရွယ်သည့် အလှကို ကြည့်ရင်း ရုတ်တရက် အထပ်မြင့်တိုက်ပေါ်မှ တွန်းချနေသော လက်တစ်စုံကို မြင်ယောင်လာပြန်၏။ သက်ပြင်းချကာ စိတ်ငြိမ်အောင် လုက်လိုက်ပြီး ဟောပိုင် ခေါင်းညိတ်သည်။
" ဟုတ်တယ်... ကျွန်တော် ခင်ဗျားရဲ့ အနာဂတ်ကို ဖတ်ပေးမယ်"

တစ်စုံတစ်ယောက်၏ မကောင်းကြံမှု တစ်ခုထဲအတွက်တော့ ပြီးပြည့်စုံသည့် လူငယ်တစ်ယောက် လောကထဲမှ ထွက်သွားရမည်ကို သူ မလိုလားပေ။ သူရိုက်ခဲ့တဲ့ ဇာတ်ကားများကြောင့် ပျင်းရိဖွယ် ကောင်းလှသော သူ့ အားလပ်ရက်များ အေးဆေးစွာ ကုန်ဆုံးသွား၍ ကျေးဇူးဆပ်သည်ဟု သတ်မှတ်လိုက်၏။

တိချိုးဟယ်က ထိုကောင်လေး၏ မျက်နှာကို ကြည့်ကာ အိတ်ကပ်ထဲမှ ထို​ကောင်လေးရဲ့ ကျောင်းသားကတ်ကို လက်နှင့် ဆိတ်လိုက်သည်။ ထို့နောက် ထိုလူဘက်ကို အေးဆေးစွာ ပြန်လျှောက်လာသည်။
" ဘာကို ကြည့်ပေးမှာလဲ... ကိုယ့်ရဲ့ လုပ်ငန်းလား ကံတရားလား.. အချစ်အကြောင်းလား"

" မဟုတ်ဘူး... ခင်ဗျားရဲ့ ဘဝအကြောင်းကို"
ထပ်ခါထပ်ခါ ဖြစ်ပေါ်လာသော ခံစားချက်များကို ဟောပိုင်က  ပယ်ဖျောက်၍ စိတ်ဝင်စားဖွယ် ဖြစ်အောင် စကားကို ချုံကာ ထိုလူကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ ထို့နောက် လှည့်ပတ်ရန် ကြိုးစား၏။
" ကျွန်တော် ငယ်ငယ်တုန်းက တောက်ဓမ္မ ကျောင်းနားမှာ နေခဲ့တာ.. အဲ့ဒါကြောင့် တောက်ဓမ္မ ဘုန်ကြီးတွေရဲ့ အနာဂတ်ဟောတဲ့ ပညာကို အမွေရခဲ့တာ..အခု ကျွန်တော် ပြောလိုက်တဲ့ ခင်ဗျားက ကြီးကျယ်တဲ့ ရုပ်ရှင် ဘုရင်တစ်ဆူ ဖြစ်မယ်ဆိုတာ ခင်ဗျား ကိုယ်ပိုင် ကုမ္ပဏီ ထောင်မယ်ဆိုတာ အကုန်လုံး အမှန်ပဲ ခင်ဗျား မျက်နှာမှာ အကုန်ရေးထားတာ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now