Chapter 118 - လက်တွဲဖော် အဆင့်သတ်မှတ်ချက် 3

3.2K 659 15
                                    

Unicode

ဟောပိုင်က ယဥ်ယဥ်ကျေးကျေးနှင့် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ သူမကိုယ်လုံးကိုယ်ပေါက်ကို တစ်ချက်ကြည့်ရင်း ရွှီရင်းသင်ပေးခဲ့သည့်အတိုင်း ခွဲခြမ်းစိတ်ဖြာနေသည်။
" အမယန် အကသင်ဖူးတယ်မလား"

" အင်း.. ဘယ်လိုသိတာလဲ"
ယန်မုန်က သူ့ကို တအံ့တသြပြန်ကြည့်ရင်း ခေါင်းညိတ်သည်။
" အကတော့ သင်ခဲ့ဖူးတယ် ဒါပေမဲ့ မလေ့ကျင့်ဖြစ်တာတောင် ကြာနေပြီ"

ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ ဟောပိုင်က ခန့်မှန်းလိုက်ပြီးနောက် ယန်အိမ်တော်၏ လှပသည့် ရေကန်လေးကိုကြည့်ရင်း အကြံကောင်းတစ်ခုထွက်လာသည်။
" အမယန်မှာ မင်္ဂလာဝတ်စုံဘယ်နှစုံလောက်ရှိလဲ"

အရပ်ရှည်ရှည်နှင့် ချစ်စရာကောင်းသည့် အမျိုးသမီးလေးက ဒူးခေါင်းဖုံးရုံ မင်္ဂလာဝတ်စုံဝတ်ကာ မြက်ခင်းပြင်ပေါ် ခြေဗလာနှင့် ရပ်နေသည်။ ​မလှမ်းမကမ်းတွင် ဓာတ်ပုံဆရာလေးက ရှုထောင့်ကောင်းကောင်းရအောင် စိတ်ရှည်ရှည်နှင့် ချိန်နေ၏။

အမှောင်ရိပ်ကျလာသည်နှင့် မီးရောင်တို့ ထိန်ထိန်လင်းလာသည်။ မိန်းကလေးများလဲ တစ်ယောက်ပြီးတစ်ယောက် ပါတီသို့ တက်လာကြသည်။ မကတာ ကြာပြီဖြစ်သည့် ယန်မုန်က စိတ်လှုပ်ရှားတက်ကြွနေကာ လူအုပ်ထဲ ရောက်သွားသည်။ အဝတ်အစားပြင်​ပေးသည့်အဖွဲ့ကလဲ တစ်စုံပြီးတစ်စုံ လဲပေးနေသည်။

ဟောပိုင်က အိမ်မှ အလုပ်သမားများကိုပါကြည့်ရင်း ရွှီရင်းရုန်သင်ပေးသည်ကို စိတ်ထဲတွင်မှတ်၍ ဓာတ်ပုံများ အထပ်ထပ်ရိုက်သည်။

ဓာတ်ပုံရိုက်ပြီးသည်နှင့် ဟောပိုင်က မိန်းကလေးများလွတ်လွတ်လပ်လပ်ပျော်နိုင်ရန် အပြင်ထွက်နေလိုက်သည်။

ပါတီက အစကတည်းက စီစဥ်ထားသလို အကနှင့်သာ ပြီးသွားသည်။ ဟောပိုင်က ရှုထောင့်လှတာတွေ့တိုင်း ရိုက်ထားတတ်သလို တစ်ခါတစ်ခါလဲ သူမနှင့် သူငယ်ချင်းများကို ပို့စ်ပြောင်းရန် သတိသွားပေးတတ်သေး၏။

ညနက်လာသည်နှင့်အမျှ ပါတီတွင် လူလျော့လျော့လာသည်။

မိန်းကလေးများက နားနေကြချိန်တွင် ဟောပိုင်က ပစ္စည်းများ လာသိမ်းကြသော အိမ်အလုပ်သမားများကို ဓာတ်ပုံရိုက်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now