Chapter 37- အသုံးမကျသော မှတ်ဉာဏ်များ 3

4.3K 863 14
                                    

Unicode

တိချိုးဟယ်က ဟောပိုင်အကြည့်ကို နူးညံ့ညံ့အပြုံးတစ်ခုနှင့် တုံ့ပြန်ကာ မေးကိုလက်ထောက်ရင်း ပြန်ငေးနေသည်။ တိချိုးဟယ်၏ မျက်လုံးထဲမှ ရီဝေသောအကြည့်နှင့် ဆွဲဆောင်နေမှုတို့ကို ဟောပိုင်မြင်နေရသည်။

ဟောပိုင်မှာ ရေထဲ ထပ်မခုန်ချမိစေရန် စိတ်ထိန်းနေလိုက်ရသည်။

ထမင်းစားသောက်ပြီးစီးသည့်အချိန်၌ အတော်လေးမှောင်နေပြီဖြစ်၏။ နျို့ကျွင်းကျယ်မှာ သိပ်မသောက်နိုင်သူဖြစ်ရာ စားပွဲပေါ် မှောက်ခုံကြီး အိပ်ပျော်နေ၏။ သူနှင့်အဖော်ပြုသောက်ပေးနေသော တိချိုးဟယ်မှာတော့ ရီဝေဝေလေးသာ မူးနေပုံရသည်။ ဟောပိုင်က တိချိုးဟယ်အများကြီးမသောက်မိစေရန် တားသော်လဲ မအောင်မြင်ပေ။ ထို့​ကြောင့် နည်းနည်းတော့ စိတ်ဆိုးနေပြီဖြစ်၏။ အိမ်စေများကိုခေါ်၍ နျို့ကျွင်းကျယ်ကို အခန်းပြန်ပို့ခိုင်းလိုက်ပြီး လက်ပိုက်ကာ တိချိုးဟယ် ခုံမှ ထနေသည်ကို စိုက်ကြည့်၏။ တိချိုးဟယ်မှာ ထိုင်နေရာမှ ယိုင်တိယိုင်တိုင်နှင့် ထကာ မြေကြီးပေါ် ပြုတ်ကျသွား၏။

"..."

" ကိုယ့်ရဲ့ ပါပီလေး..."
အမူးသမားမှာ မြေကြီးပေါ်တစ်ချက်လှိမ့်ရင်း လက်လှမ်းလိုက်သည်။
" ရှောင်ပိုင်.. ကိုယ်တောင်းပန်ပါတယ်.. မင်းကိုချစ်နေမိလို့.."

ဟောပိုင်က အပြေးရောက်လာကာ မှုန်တေတေမျက်နှာနှင့် ဆွဲထူရင်း သူ့နဖူးသူ ပြန်ရိုက်မိသည်။
" အရင်ဘဝက ခင်ဗျားပေါ် ဘာများအကြွေးတင်ခဲ့မိလို့လဲဟင်.. ခင်ဗျားရှိတဲ့နေရာက ကံဆိုးတော့တာပဲ.. ဒီလိုကြပ်ကြပ်လုပ်..ခင်ဗျားမြန်မြန်သေမယ်"

တိချိုးဟယ်မှာ တစ်စုံတစ်ခုကို ဗလုံးဗထွေးနှင့်ပြောနေရင်း ဟောပိုင်ကိုယ်ကို တွယ်ထားတာ သူ့မျက်နှာနှင့် လိုက်ပွတ်နေသည်။

ဟောပိုင်က စိတ်မရှည်စွာနှင့် ထိုမျက်နှာကို တွန်းပစ်သည်။ ဦးလေးဟူရောက်လာတော့ ဟောပိုင်က သယ်ပေးရန် အကူအညီတောင်း၏။

ချောက်ဟူသော အသံနှင့်အတူ အခန်းတံခါးပိတ်ကျသွားလေ၏။

လွန်ခဲ့သော စက္ကန့်အနည်းငယ်လောက်​က ရီဝေကာ မူးနေသော တိချိုးဟယ်မှာ မျက်လုံးဖွင့်ကာ အသိစိတ်အပြည့်နှင့် ပြန်နိုးလာသည်။ ပိတ်ထားသော တံခါးကိုကြည့်ရင်း မျက်လုံးကို လက်နှင့်ကာလိုက်သည်။ သက်ပြင်းရှည်ကြီး ချပြီးနောက်တွင်တော့ စိတ်ပျက်လက်ပျက်နှင့် စောင်ခြုံထဲ ဝင်၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now