Chapter 49- မြေပြင်ပေါ်သို့ လိမ့်ကျခြင်း 4

3.7K 702 12
                                    

Unicode

တိချိုးဟယ်က အညိုအမဲ သေးသေးလေးကို သူ ငုံ့ကြည့်လိုက်သည်။ မနက်က ဟောပိုင် သူ့ကိုဖုန်းခေါ်တော့ အသံအက်ရှရှဖြစ်နေသည်ကို သူ ပြန်သတိရလာမိသည်။ အိပ်ရာနိုးနိုးချင်မို့ ဖြစ်တာပါဆိုပြီးတော့တောင် သူ သဘောကျနေသေး၏။ ကုတင်ပေါ် ခေါင်းမှီရင်း သူ သက်ပြင်းတစ်ချက် ချလိိုက်သည်။
" ကျွန်တော် ပြန်လာမှ တွေ့ကြတာပေါ့.. ရှောင်ပိုင့်ကို ဆေးအချိန်မှန် သောက်ခိုင်းဖို့ ဂရုစိုက်ပေးပါဦး"

ဟောပိုင်အသံ ဒီလောက် မူမမှန်တာတောင် တစ်ချက်မမေးပဲ ချစ်ဖို့ကောင်းတယ်တွေးနေသေးတာ.. သူ တော်တော် အသုံးမကျတဲ့သူပဲ...

တိချိုးဟယ်က နဖူးကို ခပ်ကြမ်းကြမ်းပွတ်ရင်း ဟောပိုင်မလာခင် ဖုန်းချလိုက်သည်။ အချိန်ကိုတစ်ချက်ကြည့်ကာ B မြို့နှင့် နယ်စပ်အကွာအဝေးကိုတွက်ချက်ရင်း အကြံကောင်းတစ်ချက် ခေါင်းထဲ လက်လာ၏။

ဝမ်ပေါ်ရီက သူဌေးဆီ သတင်းပို့ပြီးနောက် တိချိုးဟယ်အတွက် စားစရာဝယ်ဖို့ အထဲဝင်လာမလို့လုပ်ရုံရှိသေး တိချိုးဟယ်က တံခါးဖွင့်ကာ အပြေးအလွှားထွက်လာသည်။
" ငါ့ကို လက်မှတ်ဖြတ်ပေး.. အခုပဲ B မြို့ကို ပြန်သွားရမယ်"

" ဗျာ"
ဝမ်ပေါ်ရီမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ဖြစ်သွားရှာသည်။
" ဒါပေမဲ့ မနက်ဖြန် လေ့ကျင့်ရေးရှိသေးတယ်လေ သခင်လေး.. ပြီးတော့ ရဲတွေက အချိန်မရွေး ရောက်လာနိုင်တယ်လေ"

" ရဲတွေလာရင် ​ဖြေရှင်းဖို့ မင်း နေခဲ့လိုက်လေ.. ညနေဆို ငါပြန်လာမှာ .. မနက်ဖြန် လေ့ကျင့်ရေး မလွတ်စေရဘူး"
တိချိုးဟယ်က ဓာတ်လှေကားခေါ်သည့်ခလုတ်ကို နှိပ်လိုက်သည်။
" ငါ ဆိုင်မှာ အသီးသွားဝယ်လိုက်ဦးမယ် လေယာဥ်လက်မှတ်ဝယ်ထားလိုက် .. လေဆိပ်မှာ ဆုံကြမယ်နော် မြန်မြန်လာခဲ့"
ထို့နောက် ဓာတ်လှေကားထဲဝင်ကာ ဝမ်ပေါ်ရီကို ထားခဲ့၍ အောက်ဆင်းသွားလေသည်။

ဝမ်ပေါ်ရီမှာ ကြောင်အအဖြစ်သွားသည်။ သူ သိထားရသလောက် သခင်လေးတိမှာ ရည်းစားလဲ မရှိ အရမ်းချစ်ခင်ရတဲ့ သူငယ်ချင်းဟူ၍လဲ မရှိပေ။ ဘာလို့များ မိုင်တစ်ထောင်နီးပါးဝေးတဲ့ခရီးကို ဒီလောက်အချိန်လေးပဲ ရတာတောင်မှ....

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now