Chapter(14) - ဖျားနာခြင်း

7.7K 1.4K 15
                                    

Unicode

အခန်း(၁၄) - ဖျားနာခြင်း

အပြင်ဘက်မှာအလွန်အေးပြီးနှင်းကျနေတာကြောင့်ရှန်ကျစ်ရှန်းကတစ်ဖက်ကိုလှည့်လိုက်ပြီးအခန်းထဲကိုလက်ညှိုးညွှန်ပြသည်။

"အထဲဝင်ဦးမလား?"

ရန်ကျင်းကခေါင်းကိုခါယမ်းပြရင်းပြောသည်။

"တပည့်ကဆရာ့ကိုတစ်ခုခုမေးချင်တာသက်သက်ပါပဲ...တတိယတောင်ထွတ်ကဆရာရှောင်းကဓားပညာနားလည်မှုဖလှယ်ခြင်းပွဲကျင်းပချင်လို့တဲ့ပြီးတော့ဒီတပည့်ကိုပါဝင်ယှဉ်ပြိုင်ဖို့အတွက်တတိယတောင်ထွတ်ဆီဖိတ်ထားပါတယ်"

"ဓားပညာနားလည်မှုဖလှယ်ခြင်းပွဲ?" ရှန်ကျစ်ရှန်းကသူ့ဘာသာသူရေရွတ်မိသည်။အဲ့ဒါကအဓိကတောင်ထွတ်မှအကြီးအကဲများလက်အောက်မှတပည့်များတွေ့ဆုံပြီးဓားနည်းစနစ်များနဲ့ဓားအကြောင်းအတွေ့အကြုံများကိုဖလှယ်သည့်စည်းဝေးပွဲအသေးစားလေးတစ်ခုဖြစ်သည်။ထိုကဲ့သို့တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းနည်းစနစ်များကိုဖလှယ်ခြင်းလေ့လာခြင်းတို့သည်အလေ့အကျင့်နှင့်နားလည်မှုများကိုတိုးတက်စေသည်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းရှန်ကျစ်ရှန်းသည်ဒီလူငယ်လေးနည်းနည်းချင်းစီကြီးပြင်းလာသည်အားကြည့်နေခဲ့ပြီးဒီလူငယ်လေးကတစ်နေ့တစ်နေ့ပိုပြီးနှုတ်ဆိတ်လာသည်ကိုနားလည်လာရသည်။သူ့မှာအလွန်မကျေမနပ်ဖြစ်မိပြီးနက်မှောင်နေတဲ့လူတစ်ယောက်ကိုပျိုးထောင်မိမှာအားကြောက်ရွံလာမိသည်။လက်ရှိအခြေအနေလိုမျိုးရန်ကျင်းကဒီလိုအဖွဲ့လိုက်လှုပ်ရှားမှုများမှာပါဝင်လာခြင်းသည်အလွန်ကိုရှားပါးလှ၏။ထို့ကြောင့်သူကရန်ကျင်းကိုပါဝင်ခွင့်ပြုရန်အစောကတည်းကသဘောတူပြီးသားပင်။

"ရန့်ရှန်ရောရှိနေမှာလား?"

ရန်ကျင်းကခေါင်းညိတ်ပြသည်။

ရှန်ကျစ်ရှန်းကသတိပေးသည်။

"သူနဲ့ဝေးဝေးနေ"

လွန်ခဲ့တဲ့နှစ်များမှာသူကရန့်ရှန်ကိုအေးစက်တဲ့ပုခုံးအားတမင်သက်သက်ပေးခဲ့သည်။သို့သော်လည်းရန့်ရှန်ရဲ့စိတ်နှလုံးသားထဲမှာမရိုးမသားဖြစ်နေဆဲဖြစ်ပြီးရန်ကျင်းအားခက်ခဲသောအချိန်ပေးရန်လူများကိုအားပေးအားမြှောက်လုပ်ခြင်းများဦးနှောက်ဆေးခြင်းများပြုလုပ်နေဆဲပင်။ရှန်ကျစ်ရှန်း၏ပေါ်တင်ရောတိတ်တဆိတ်သတိပေးခြင်းများရောရှိသော်လည်းထိုဖြစ်ရပ်များကမပျောက်ပျယ်သွားသည့်အပြင်ပိုပြိးတောင်ပြင်းထန်လာသေးသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now