Part-3(Uni)

34.7K 2.8K 15
                                    


၁၁နာရီဆိုတဲ့အချိန်ဟာ ပူလာပြီဖြစ်တာကြောင့် မြက်နှုတ်နေတဲ့ရာရှင်းသန့်တ့်တစ်ယောက် မရိုးမရွဖြစ်လာသည်။ ရှင်းသန့်ရဲ့အရှေ့မြောင်းမှာတော့ နောင်ကတက်ကြစွာအလုပ်လုပ်နေသည်။

"နှုတ်လေ ဘာလုပ်နေတာလဲ?.."

နောင့်အသံကြားတော့ လန့်ဖြန့်ကာ မြက်တွေကိုဆွဲနှုတ်နေသည်။

"မနက်၆နာရီလောက်ကတည်း အဲ့တစ်မြောင်းကိုနှုတ်ခိုင်းနေတာ အခုချိန်မပြီးသေးဘူး.."

ဟုတ်တော့ဟုတ်သည်.. မနက်ကတည်း သူဒီတစ်မြောင်းကိုနှုတ်နေတာ အခုထိမပြီးသေးပေ။ မြက်ဆိုတာကို အိမ်မှာနေကတည်းက မနှုတ်ဖူးတာကြောင့် တစ်ပင် တစ်ပင်နှုတ်ဖို့ကိုသူ့အတွက်ကြာနေသည်။ အိမ်မှာနေစဉ်က မြက်ဝိုင်းနှုတ်ပေးမယ်ဆိုင်ရင်တောင် မေမေကမြက်ရှမယ် မြက်ကယားတယ်ဆိုပြီး မထိခိုင်းခဲ့ပေ။
တွေးရင်းနဲ့ မေမေ့ကိုတောင်လွမ်းမိသည်။

"ဘာလို့ငိုင်နေတာလဲ?..
မလုပ်ချင်လည်း သွားတော့..."

"ရပါတယ် ကိုယ်လုပ်နိုင်ပါတယ်...
အစမို့လို့ ကြာနေတာပါ.."

"ယောက်ျားလေးဖြစ်ပြီးတော့ နှေးတိနှေးတုံ့နဲ့..
ကျုပ်တို့ရွာကမိန်းကလေးတွေတောင် ဒီအချိန်ဆို လေးငါးမြောင်းလောက်ပြီးနေပြီ...
အခုကြည့်ဦး တစ်မြောင်းတောင်တစ်ဝက်လောက်ကျန်သေးတယ်...
စိတ်မပါရင်လည်း မလုပ်နေနဲ့ ခင်ဗျားဘယ်သူမှအတင်းမခိုင်းဘူး.."

ရှင်းသန့်ဆ့်ဆက်မပြောတော့ တစ်ဖက်ကိုလှည့်ပြီး မြင်နေရတဲ့မြက်တွေကိုနှုတ်နေလိုက်သည်။ နောင်အခုလိုတွေပြောတာကြောင့် နောင့်ကိုသူစိတ်မဆိုးပါဘူး။ ဘာလို့ဆို နောင်ပြောတာတွေက အမှားမှမပါတာ။ ပျော့ပျော့ညံ့ညံ့ဖြစ်နေတဲ့ကိုယ့်ကိုယ်ကိုပဲရှက်မိသည်။

မြက်တွေက ယားတာကြောင့် လက်တစ်ခုလုံးမှာလည်းကုတ်ယားတွေနဲ့ပင်။ လက်ဖဝါးမှာလည်း မြက်ရှရာတွေကြောင့် ပေါက်ပြဲနေသည်။ နေကပူတော့ လက်တိုဝတ်ထားတဲ့ ရှင်းသန့်ရဲ့လ့်ရဲ့လက်၂ဖက်လုံးနေလောင်ကုန်သည်။ နောင်ပေးထားတဲ့အင်္ကျီတွေကလည်း တစ်ထည်မှလက်ရှည်မပါတာကြောင့် တောင်းဖို့ရာလည်းမရဲ။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now