Part-13(Uni)

29.7K 2.4K 42
                                    

   မျက်နှာပေါ်ကျလာတဲ့နေရောင်ကြောင့် ရှင်းသန့်နိုးလာခဲ့သည်။ နောင့်ဘေးပြတင်းပေါက်ကဖွင့်ထားတာကြောင့် နေရောင်ထိုးခြင်းဖြစ်သည်။ အိပ်မှုန်စုံဖွားနဲ့ဘေးကိုကြည့်တော့ လက်တစ်ဖက်ကိုခေါင်းအုံးထားကာ ပက်လက်အိပ်ပျော်နေတဲ့နောင့်ကိုတွေ့ရသည်။

ဟင် သူကုတင်ပေါ်ရောက်နေတာလား..
ညက ဗီရိုရှေ့မှာသူအိပ်ပျော်သွားတာပါ...

ရှင်းသန့်မျက်လုံးကျယ်သွားပြီး ဘေးကိုကြည့်လိုက်တော့နောင်ကအိပ်ပျော်နေသည်။ နောင့်ကိုကြည့်နေရင်း သူ့လက်တင်းထားသည့်နေရာကိုအကြည့်ရောက်တော့ သူပို၍ပင်မျက်လုံးပြူးသွားသည်။ သူ့လက်တင်ထားသည့်နေရာက နောင့်ရဲ့ဘယ်ဘက်ရင်အုံဖြစ်နေသည်။ အယောင်ယောင်အနနနဲ့ညှစ်မိလိုက်ပြီး ရှင်းသန့်လ့်လက်ကိုရုတ်သိမ်းလိုက်သည်။

နောင်ကလည်းလေ အိပ်တာဗရုတ်ကျလိုက်တာ..
အင်္ကျီကြယ်စေ့တစ်လုံးမှတပ်မထားဘဲ ရင်ဘက်ကိုဖွင့်ထားတာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းက အတိုင်းသားမြင်နေရသည်။ မြင်နေရတဲ့အစိတ်အပိုင်းတွေကြောင့် တံတွေးမြိုချမိသွားပြီး သူအတွေးသူရှက်ကာ ခုန်နေတဲ့ရင်ဘက်ကိုဖိပြီးအခန်းထဲကနေအပြင်ကို အမြန်ထွက်လာခဲ့သည်။

"ရှက်ဖို့ကောင်းလိုက်တာ ရာရှင်းသန့်ရာ.."

ထမင်းအိုးတည်နေတဲ့အချိန်လည်းမြင်ယောင်နေသည်က နောင့်ရဲ့ခန္ဓာကိုယ်...
ခေါင်းကိုခါထုတ်လိုက်ပြီး ထမင်းအိုးဆက်တည်နေလိုက်သည်။

ခဏကြာတော့ နောင်နိုးလာတာကိုသူသိသည်။ ကျောခိုင်းထားလိုက်ပြီး မသိချင်ယောင်နေလိုက်သည်။ နောင့်ကိုမြင်တာနဲ့မြင်ခဲ့တဲ့အစိတ်အပိုင်းတွေကိုပြန်မြင်ယောင်တော့ သူပိုပြီးရှက်မိသည်။ နောင့်အတွက်မနက်စာကိုပြင်ပေးလိုက်ပြီး သူခေါင်းရင်းဘက်ကိုထွက်လာခဲ့သည်။

ခေါင်းရင်းဘက်ကိုထွက်သွားတဲ့ရှင်းသန့်ကို နောင်လည်းသေချာလိုက်ကြည့်နေသည်။

"ဘာဖြစ်တာလဲ?.."

အရင်ကဆို သူထမင်းစားတာနဲ့အတူဝင်စားပြီးတော့ အခုတော့ သူ့ကိုရှောင်နေတာလား...
မနေ့ကကိစ္စကြောင့် သူ့ကိုစိတ်ဆိုးနေတာလား...

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now