Part-24(Uni)

28K 2.1K 63
                                    


"နောင်က ဒီဆိုင်မှာအမြဲထိုင်ဖြစ်တာလား.."

"မဟုတ်ပါဘူး တခါတလေမှပါ.."

"သြော်...
ဒါပေမယ့် ကိုယ်ဆိုင်ထိုင်တဲ့အချိန်တိုင်းနောင်ကိုတွေ့ရတယ်နော်..."

"ဒါကတော့ ကြုံကြိုက်လို့ပါ...
ကျွန်တော်က ဝယ်စရာလေးလို့လာဝယ်ရင်းနဲ့အပြန်ဒီဆိုင်မှာဝင်ထိုင်တာ.."

"သြော်.."

သူနဲ့နောင်အတူစကားပြောရင်း ဆိုင်ထိုင်တာ၂ပတ်လောက်ရှိပြီ။ သူစာဖတ်မှန်းသိတော့ နောင်က စာအုပ်တွေအကြောင်းပြောပြတတ်သည်။ တဖြည်းဖြည်း သူတို့၂ယောက်ပိုပြီးရင်းနှီးလာခဲ့သည်။

အဲ့အချိန်က သာမာန်မိတ်ဆွေသူငယ်ချင်းလို့ပဲသဘောထားခဲ့ပေမယ့် တနေ့မှာတော့...

"Hello! မေမေ ကားလာကြိုပေးမယ်ဆို...
ကျွန်တော့်ဆီရောက်မလာသေးဘူးနော်.."

"ဟုတ်လား...
အိမ်ကနေထွက်သွားပြီ သားငယ် မကြာခင်ရောက်မှာပါ.."

"ဆိုင်နဲ့ဘယ်လောက်မှလဲဝေးတာမဟုတ်ဘဲနဲ့...
ကျွန်တော်ကိုယ့်ဘာသာပြန်လာခဲ့ရမလား.."

"မိုးချုပ်နေပြီသားရဲ့ ကားကိုစောင့်လိုက်ပါကွယ်...
မေမေစိတ်မချလို့ပါ.."

"ဟုတ်ကဲ့ မေမေ.."

နောင်လာမလားဆိုပြီးစောင့်နေတာ ရှင်းသန့်မိုးချုပ်သွားလေသည်။ နောက်ဆုံးတွေ့ခဲ့ချိန်က ဒီနေ့လာပါမယ်ဆိုပြီးပြောသွားခဲ့တာကို နောင်ကကတိမတည်ဘူး..

ရှင်းသန့့်် အခုချိန်ထိပေါ်မလာတဲ့ကားကိုစိတ်ဆိုးတာလား ဒီနေ့ရောက်မလာတဲ့နောင့်ကိုပဲစိတ်ဆိုးတာလားမသိ စိတ်ပေါက်ပေါက်နဲ့ကားလမ်းဘေးတလျှောက် လျှောက်လာခဲ့သည်။

ကားလမ်းကူးပြီး နည်းနည်းထပ်လျှောက်ရင် ရှင်းသန့်တို့လ့်တို့လမ်းရောက်လေသည်။ ရှင်းသန့်လ့်လည်းစောင့်ရင်းစောင့်ရင်း စိတ်မရှည်တော့တာမို့ ကားလမ်းကူးဖို့ ပြင်လိုက်သည်။

လမ်းရှင်းနေတာမို့ ရှင်းသန့်လ့်လည်းအခြေအနေကိုကြည့်ပြီးကူးလိုက်သည်။ တဖက်ရောက်ခါနီးမှ လက်ထဲကဖုန်းကျနေခဲ့မှန်းရှင်းသန့်သိလိုက်ရသည်။ အတွေးတွေများပြီး လက်ထဲကဖုန်းကျနေခဲ့တာတောင် သူသတိမထားမိခဲ့ဘူးပဲ...

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now