Part-38(Uni)

29.7K 2.1K 92
                                    


"ကျွန်တော်မရှိရင်မရှိသလိုပဲနော်...
သားဖ၂ယောက်လုံးအပြင်ထွက်နေတာ.."

"သားက ကြက်သားတုတ်ထိုးလေးစားချင်တယ်ဆိုလို့ပါ.."

"အကိုကပိုစားချင်တာမဟုတ်ဘူးလား..."

"ဟီး နောင်ကလည်း.."

မျက်လုံးများမှိတ်သည်အထိပြုံးပြနေသော်လည်း နောင့်မှာထပ်မဆူရက်။ ပခုံးကိုသာဖက်ထားလိုက်သည်။

"နောင် ရေချိုးပြီးပြီလား..."

"အင်း အဲ့တာကြောင့်မွှေးနေတာကို..."

"တတ်တယ်နော်..."

ရှင်းသန့်ရဲ့ပါးကိုလှမ်းနမ်းလိုက်ပြီး နောင်ပြောလိုက်သည်။

"နောင် လမ်းမကြီးမှာကို.."

"အဲ့တော့ ဘာဖြစ်လဲ?.."

"နောင်ကတော့လေ.."

"ပါပါး ရေခဲချောင်း.."

အရှေ့ကသွားနေတဲ့သားက မုန့်ဆိုင်ရှေ့ရောက်တော့ရပ်ပြီးပြောလာသည်။

"တော်ပြီလေ သားရယ်...
တုတ်ထိုးတွေအမျာျးြားကြီးစားပြီးပြီဟာကို.."

"ဟွန်း စားချင်ရယ်.."

သားက ဆိုင်ရှေ့ကမသွားဘဲ ပေတေပြီးရပ်နေတာကြောင့် ရှင်းသန့် နောင့်ကိုလှည့်ကြည့်လိုက်တော့ နောင်က ခေါင်းညိတ်ပြလာတာကြောင့် သားကိုချီပြီးဆိုင်ထဲဝင်လိုက်သည်။

ခဏကြာတော့ သားဖ၂ယောက်လုံး ရေခဲချောင်းတစ်ယောက်တစ်ချောင်းကိုင်ပြီး ပြန်ထွက်လာသည်။

"နောင် စား.."

နောင့်ကိုပါ တစ်ချောင်းကမ်းပေးလာတာကြောင့် နောင်လည်းလှမ်းယူသည်။ သားကတော့ အရှေ့ကနေထွက်သွားသည်။

"ထမင်းရောစားနိုင်ပါ့မလား...
ညကျရင်အန်နေဦးမယ်နော်.."

"မအန်ပါဘူး ကိုယ်အမျာျးြားကြီးမစားခဲ့ပါဘူး.."

"ညဘက်အန်လို့ကတော့ ကျုပ်ကပြစ်ထားမှာ.."

"ဟီးဟီး.."

အများကြီးမစားခဲ့ပါဘူးဆိုပြီးပြောခဲ့ပေမယ့်လည်း ညဘက်ရောက်တော့ ရာရှင်းသန့်တို့အ့်တို့အန်လေသည်။ အန်ပြီး မနက်ရောက်တော့ ဖျားပါဖျားသည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now