"အကိုရယ်ရင်တအားချောတာပဲ...""နောင်ကတော့ မြှောက်ပြီ...
နောင်မမြှောက်လည်းဒီဝိုင်းကိုအကိုရှင်းမှာပါ..""တကယ်ပြောတာဗျ အကို့မျက်နှာလေးကအေးချမ်းတယ်..."
"နောင်ကတော့ပြောတော့မယ်.."
ရှင်းသန့်မျက်နှာတွေပူပြီးရဲလာကာဂုတ်ကိုလက်နဲ့ပွတ်လိုက်သည်။ စားပွဲပေါ်တင်ထားတဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ခြင်းခံလိုက်ရသည်မို့ကြည့်လိုက်တော့ နောင့်ရဲ့လက်ဖြစ်နေသည်။
"နောင်.."
"အကို ကျွန်တော်အကို့ကိုချစ်တယ်..."
တဖြည်းဖြည်းနီးကပ်လာတဲ့နောင့်ရဲ့မျက်နှာကြောင့် ရှင်းသန့်လည်း မျက်လုံးကိုမှတ်ထားလိုက်သည်။ တဒိတ်ဒိတ်ခုန်နေတဲ့ရင်ခုန်သံတွေကလည်း အပြင်ကိုပေါက်ထွက်တော့မည့်အလား အဆက်မပြတ်ခုန်နေသည်။
ထိုအချိန်........."ဒုန်း!..." ဆိုတဲ့အသံကြောင့် ရှင်းသန့်လန့်ပြီးမျက်လုံးဖွင့်ကြည့်မိသည်။
"နောင်..."
"ထမင်းအိုးကိုပြစ်ထားပြီးတော့ ဒီမှာလာနှပ်နေတယ်ပေါ့..."
နောင်ပြောမှပဲ ထမင်းအိုးကိုသတိရတော့တယ်။ ဟုတ်တာပေါ့ ထမင်းအိုးတည်နေရင်း မီးခိုးခိုးလို့အပြင်ကိုခဏထွက်လာတာ ဗီရိုကိုမှီပြီးသူအိပ်ပျော်သွားခဲ့တာပဲ။
ဒါဆို ခုနက သူအိပ်မက်မက်နေခဲ့တာပေါ့..."အတွေးထဲမှာ ဘယ်ကောင်မနဲ့သာယာနေလို့ မျက်နှာကြီးပြုံးဖြီးနေတာလဲ?.."
"sorry နောင် ကိုယ်ခဏလေးမှေးခနဲအိပ်ပျော်သွားတယ်.."
ပြောပြီးသည်နှင့် ရှင်းသန့်လည်းမတ်တပ်ထရပ်လိုက်ပြီး မီးဖိုဆောင်ထဲဝင်ဖို့ပြင်လိုက်သည်။
"နေဦး ခင်ဗျား ကျုပ်မေးတာကိုဘာလို့မဖြေတာလဲ?..."
"အ! အ! နောင်မလုပ်ပါနဲ့ လွှတ်ပေးပါ.."
လက်တစ်ဖက်တည်းအသုံးပြုကာ မျက်နှာကိုအားနဲ့ညှစ်လာတာကြောင့် ရှင်းသန့်မှာနာလွန်းလို့ မျက်ရည်တောင်ဝဲလာသည်။
"အဲ့တာဆို ကျုပ်မေးတာကိုဖြေလေ..."
အားထည့်ပြီးညှစ်လာတာကြောင့် ရှင်းသန့်မှာ ပြန်ဖြေမရတော့။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️