Part-30(Uni)

30.4K 2.1K 77
                                    


"နောင် အဲ့တာကျော်ဇောဆိုင်ကယ်မဟုတ်လား...
ဘာလို့ယူထားတာလဲ?.."

"ဟိုဘက်ရွာသွားစရာရှိလို့...
ဆီကုန်ခါနီးပြီလေ သွားဝယ်ထားချင်လို့.."

"သြော်...
ကိုယ်လည်းလိုက်ချင်လို့ ရမလား.."

ရှင်းသန့် နောင်ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ အရဲစွန့်ပြီးမေးလိုက်သည်။

"လိုက်ချင်လိုက်ခဲ့လေ...
ခင်ဗျားလည်းတနေကုန်တနေခမ်းဗီရိုနားမှာထိုင်ပြီးTVကြည့်နေတော့ စိတ်တွေဘယ်လန်းဆန်းပါ့မလဲ?..
လိုက်ခဲ့.."

နောင်ဘယ်လိုပဲပြောပြောရှင်းသန့်ကတော့ လိုက်ဖို့အသင့်ဖြစ်နေသည်။

"အပြန်ကျ ခင်ဗျားသူငယ်ချင်းဆီဝင်တာပေါ့.."

"ဘာဖြစ်လို့လဲ? နောင်ရယ်.."

"ဒေါက်!.."

ရှင်းသန့်စကားမ့်စကားမဆုံးခင် လေထက်အလျင်နဖူးပေါ်ရောက်လာတဲ့လက်သီးဆုပ်ကြောင့် ရှင်းသန့်န့်နဖူးကိုပွတ်လိုက်သည်။

"၁လပြည့်ရင် ဆေးရုံကိုလာခဲ့ပါလို့ ခင်ဗျားသူငယ်ချင်းမှာသွားတယ်လေ...
ဒီနေ့ပဲ၁လပြည့်ပြီကို.."

"သြော် ဟုတ်သား..."

အဲ့နေ့က နန္ဒသူ့ကိုမှာသွားခဲ့တာပဲ ၁လပြည့်ရင်ဆေးရုံကိုလာခဲ့ပါဆိုပြီး သူမေ့နေခဲ့တာ...
နေပါဦး သူ့ကိုမှာခဲ့တာကိုဘာလို့နောင်ကသိနေရတာလဲ?..
အဲ့နေ့က နောင်အခန်းထဲကထွက်သွားတဲ့ဟာကို...

"ဟုတ်သားလုပ်မနေနဲ့...
ဒီခေါင်းလေးကဘာမှမှတ်မထားဘူး.."

"ကိုယ်တကယ်မေ့သွားလို့ပါ...
ရဲသွားပြီလားမသိဘူး.."

ရှင်းသန့်နဖူးကိုပွတ်ပြီး ပြောလိုက်သည်။

"ရဲလည်းမရဲဘဲနဲ့ ပြကြည့်ပါဦး.."

နောင်ကရှင်းသန့်လက်ကိုဖယ်ကာ နဖူးကိုကြည့်နေသည်။

"ဥုံဖွ မနာတော့ဘူး...
ဒီခေါင်းလေးထဲကမှတ်ဥာဏ်တွေလည်းနိုးထပါတော့ အကုန်လုံးကိုမေ့မနေပါနဲ့တော့.."

နဖူးကိုဖွဖွလေးနမ်းပြီး နောင်က ဂါထာရွတ်သလိုပြောလာသည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now