Part-27

11.6K 621 34
                                    


"ရွှတ် ရွှတ်.."

နှာတရှုံ့ရှုံ့နဲ့ရှင်းသန့်ထမင်းအိုးတည်နေသည်။ မနေ့ကအစောကြီးခေါင်းပေါ်ကနေရေလောင်းခံထားရတာကြောင့်ရော ငိုထားတာကြောင့်ရော ရှင်းသန့်နှာခေါင်းတွေပါရဲနေသည်။ မီးခိုကလည်းမွှန်တာကြောင့် မျက်ရည်တွေပါကျနေသည်။

မနေ့ကတနေ့လုံးနဲ့တညလုံး နောင်ကသူ့ကိုစကားမပြောပေ။ သူဘယ်လိုဖြစ်ပြီး နေထူးပခုံးပေါ်မှာအိပ်ပျော်သွားလဲဆိုတာ သူလည်းမသိပေ။ နောင်ကဒါကိုသူတို့ကိုအထင်လွဲသွားတာဖြစ်မည်။

ရှင်းသန့်တွေးနေရင်း ထမင်းအိုးဆူလာသည်မို့ ငှဲ့လိုက်သည်။ ရှင်းသန့်ထ့်ထမင်းအိုးငှဲ့နေတဲ့အချိန် နောင်မျက်နှာသစ်နေတာကိုလှမ်းတွေ့ရသည်။ ထမင်းအိုးကျက်သွားတာနဲ့ နောင့်အတွက် ထမင်းပန်းကန်ပြင်ပေးလိုက်ပြီး ကော်ဖီတစ်ခွက်ဖျော်ကာ သူအပြင်မှာထွက်ထိုင်နေလိုက်သည်။

သူထမင်းမစားချင်ဘူး ကော်ဖီပဲသောက်ချင်တယ်။ မနက်စောစောစီးစီး သူကော်ဖီမသောက်တတ်ပေ။ ဒါပေမယ့် အခုတော့ သူသောက်ချင်နေတာမို့ သောက်လိုက်သည်။

တစ်ငုံသောက်ပြီးသည်နှင့် ကော်ဖီခွက်ကိုလက်ထဲကအလုခံလိုက်ရတာကြောင့် ရှင်းသန့်မော့ကြည့်လိုက်တော့ နောင်ဖြစ်နေသည်။

"ကိုယ့်ကြည့်တော့ ကတုန်ကယင်နဲ့ကော်ဖီသောက်ချင်နေသေးတယ်...
ထ ထမင်းစားမယ်.."

"နောင် ကိုယ်ထမင်းမစားချင်ဘူး.."

"မစားရင် ဒါလည်းမသောက်နဲ့.."

"နောင်.."

နောင်က ကော်ဖီခွက်ကိုသွန်ပြစ်လိုက်တာမို့ ရှင်းသန့့်် နောင့်ကိုမျက်နှာငယ်လေးနဲ့ကြည့်လိုက်သည်။ တစ်ငုံပဲသောက်ရသေးတာမို့ ကော်ဖီတွေနှမြောစရာပင်။

"ထမင်းမစားရင် ကော်ဖီလည်းမသောက်ရဘူး.."

"ကိုယ်မှမဆာတာကို..."

"ထမင်းစားမရသေးဘဲကော်ဖီသောက်...
ပြီးရင် ရင်တုန်တယ်ဘာဖြစ်တယ် ညာဖြစ်တယ်ဆို ကျုပ်ပဲပိုက်ဆံထပ်ကုန်မှာ..
ထ ထမင်းစားမယ်.."

နောင်ကလက်ကိုအတင်းဆွဲပြီးခေါ်သွားတာကြောင့် ရှင်းသန့်ထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်။ နောင့်မျက်နှာကိုကြည့်လိုက်တော့လည်း နောင်ကပုံမှန်အတိုင်းဖြစ်နေသည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now