"ရာရှင်းသန့့်် ကျုပ်နဲ့မြို့ထဲလိုက်ခဲ့မလား.."
"ဟင်..."
ကြားလိုက်ရတဲ့စကားကြောင့် ရှင်းသန့်ကိုယ့်နားကိုမယုံနိုင်ဖြစ်သွားရသည်။
"မလိုက်ချင်ဘူးလား..."
"လိုက်မယ် လိုက်မယ်...
ကိုယ်လိုက်ချင်တယ်...""အင်း အဲ့တာဆိုလည်းအင်္ကျီသွားလဲလေ.."
"အင်းအင်း ကိုယ့်ကိုစောင့်ဦးနော်.."
အင်္ကျီကိုအမြန်ချွတ်ပြီး အခန်းထဲဝင်သွားတဲ့ရာရှင်းသန့်က့်က အတော်လေးပျော်နေတဲ့ပုံပင်။
"နောင်ကိုယ်ပြီးပြီ..."
အပြင်မထွက်တာ၃လလောက်ရှိပြီဆိုတော့ ရှင်းသန့်တ့်တစ်ယောက် တက်ကြွတဲ့ကြက်ဖဖြစ်နေသည်။ ဆံပင်ကိုအုန်းဆီနဲ့သေချာလှန်တင်ပြီး ထွက်လာတဲ့ရာရှင်းသန့်ကိုကြည့်ပြီး နောင်ခဏမျှကြောင်နေသည်။
"နောင် ကိုယ်ပြီးပြီလို့.."
"ဟမ် အင်း အင်း...
သွားမယ်လေ.."နောင်ကလွယ်အိတ်ကိုလွယ်ပြီး အရှေ့ကနေထွက်သွားလေသည်။
"နောင်ဘာနဲ့သွားမှာလဲ?.."
"ကျုပ်တုတ်တုတ်နဲ့ပေါ့..."
"သြော် တုတ်တုတ်ကဘယ်မှာထားထားတာလဲ?.."
"စကားများလိုက်တာ ကျုပ်နောက်ကလိုက်ခဲ့..."
"အင်းအင်း.."
ခြေလှမ်းအကျယ်ကြီးနဲ့ထွက်သွားနဲ့နောင့်အနောက် ရှင်းသန့်အမြန်လိုက်နေရသည်။ အတော်လေးလျှောက်လာခဲ့ပြီးနောက် ခြံတစ်ခြံရှေ့ကိုရောက်လာခဲ့သည်။
"ဒါ ကျုပ်ခြံ...
နောက်တခါ ခင်ဗျားကိုခြံထဲခေါ်မယ်...""အင်း နောက်တစ်ခါကိုယ်လိုက်ချင်တယ်.."
"အင်းအင်း အဲ့တာဆိုတက်တော့.."
"ဘယ်ကိုတက်ရမှာလဲ? အနောက်မှာထိုင်ရမှာလား..."
"တစ်ယောက်တည်းအနောက်မှာထိုင်မလို့လား..
ကျုပ်ဘေးမှာလာထိုင်..""အင်း.."
ရှင်းသန့်လည်းတခါမှမစီးဖူးတာကြောင့် မရဲတရဲနဲ့ပဲနောင့်ဘေးမှာဝင်ထိုင်လိုက်သည်။
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️