Part-35(Uni)

31.6K 2.3K 150
                                    


"အပူသည်လိုထိုင်မနေနဲ့ ရာရှင်းသန့်..
မင်းမျက်နှာကိုပြင်ထား.."

ဖေဖေ့ရဲ့အသံကြောင့် ရာရှင်းသန့်အတွေးတွေတောင်လွင့်စင်သွားသည်။

"အစကတည်းက ဒီလိုဖြစ်မယ်ဆိုတာ ငါသိနေတယ်...
ကလေးတစ်ယောက်နဲ့ဆိုတော့ မင်းကိုစွန့်ပြစ်လိုက်ပြီမဟုတ်လား.."

"မဟုတ်ပါဘူးလို့ကျွန်တော်ပြောလည်းဖေဖေယုံမှာမဟုတ်ဘူး...
နန္ဒက သူ့အိမ်မှာလာနေပါဆိုလို့သွားနေတာ.."

"မင်းစကားတွေငါကယုံပေးရမှာလား...
ငါ့မှာမျက်စိတွေနားတွေပါတယ် ရာရှင်းသန့်...
မင်းအခုဘဝကိုအသစ်ကနေပြန်စ..."

ပြောပြီး ဖေဖေကထွက်သွားသည်။ ရှင်းသန့်မျက်ရည်တွေကိုသုတ်လိုက်ပြီး ထိုင်နေရာကမေထလိုက်သည်။

"အေးပါ မြေးရယ်...
ချိုချိုစို့ရပါမယ် သားငယ်ရေ လာပါဦးသားငယ်ရေ...
ဒီမှာမြေးကငိုနေတယ်ကွဲ့..."

သူ့အပေါ်တက်လာတော့ မေမေကသူ့အခန်းရှေ့မှာရပ်ကာ သားကိုချီထားသည်။

"ကျွန်တော်လာပြီ မေမေ...
သားရေ ငိုနေတာလား..."

ရှင်းသန့်လည်း သားကိုလွှဲပြောင်းချီလိုက်ပြီး နို့တိုက်ဖို့ပြင်လိုက်သည်။ ရှင်းသန့်တို့နဲ့အတူ မေမေကလည်း အခန်းထဲဝင်ထိုင်သည်။

မေမေ့ရှေ့မှာရှက်ပေမယ့်လည်း ရှင်းသန့်အင်္ကျီငိုလှန်ပြီး သားကိုနို့တိုက်လိုက်သည်။

"အခုကျတော့ ငြိမ်သွားလိုက်တာ...
ဖွားမြေးက တကယ့်အဆိုးလေးပဲ.."

"နီလာတို့ကပြောတယ်မေမေရဲ့...
အဲ့တာနောင်နဲ့တူတာတဲ့ နောင်ငယ်ငယ်တုန်းကလိုချင်တာမရမရချင်းအော်အော်ငိုတာတဲ့ ကြီးလာမှသာငြိမ်သွားတာတဲ့...
တကယ့်ကိုဖအေတူသားလေး..."

ပြုံးပြီး ပြောနေတဲ့ရှင်းသန့်ကိုကြည့်ပြီး ဒေါ်နှင်းဆီပြုံးမိသည်။

"သားက အဲ့ကောင်လေးကိုအရမ်းချစ်တာပဲလား.."

ဒေါ်နှင်းဆီမေးလိုက်တော့ ရှင်းသန့်လှည့်ကြည့်လာသည်။

"ကျွန်တော်တောင်းပန်ပါတယ် မေမေ...
ကျွန်တော်နောင့်ကိုအရမ်းချစ်တယ်..."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now