ထွက်စပြုလာတဲ့နေရောင်အောက်မှာ အလုပ်လုပ်နေတဲ့လူ၂ယောက်။ ခမောက်ကိုယ်စီဆောင်းကာ အင်္ကျီလက်ရှည်ကိုလည်းဝတ်ထားသည်။ နေရာင်ကသိပ်မပူသေးသော်ငြား ၂ယောက်သားကတော့ချွေးတွေပြန်နေသည်။"နောင် မြက်တွေကိုဘာလို့နုတ်ရတာလဲ?.."
"ခင်ဗျားမြက်ကိုကြော်စားချင်လို့လား..."
"မဟုတ်ပါဘူး ခဏခဏနုတ်နေရတော့မေးကြည့်တာ..."
"ခင်ဗျားဦးနှောက်ကတကယ့်ကိုသေးသေးလေးပဲ...
မြက်တွေအမျာျးြားကြီးထွက်လာရင် ခူးတဲ့အခါကျ အကုန်ရောကုန်မှာပေါ့...
အဲ့တော့စားရင် မြက်အရသာလေးပါ စားရရောပေါ့...
ခင်ဗျားစားချင်လား ကျုပ်ကြော်ကျွေးမယ်...""မြက်စားရအောင် ကိုယ်ကနွားမှမဟုတ်ဘဲ..."
ချက်ချင်းပြန်ပြောလာတဲ့ရှင်းသန့့်် နောင်တဖက်လှည့်ကာရယ်လိုက်သည်။
"ဒါကျသိတယ်ပေါ့.."
"မသိဘဲ နေမလား..
ကိုယ့်ဦးနှောက်ကတကယ်ပဲသေးလားမသိဘူး ကျောင်းတက်တုန်းကဆို နန္ဒကစာအရမ်းတော်တာ...
ကိုယ်သူ့ကိုမှီအောင်မလိုက်ဘူး...
နန္ဒကဘာပြောတယ်မှတ်လဲ မင်းဦးနှောက်သေးသေးလေးနဲ့အမျာျးြားကြီးမရိုက်သွင်းနဲ့တဲ့.."နောင်နားထောင်နေလားမနားထောင်နေလားသူမတွေးဘူး။ သူ့စိတ်ထဲမှာ နောင့်ကိုသူရင်ဖွင့်နေတာလား ပြန်ပြောပြချင်နေတာလားမသိ ပြောကိုပြောပြချင်နေသည်။
"အဲ့တော့ ကိုယ်ဘာလုပ်လဲသိလား...
သူ့လောက်စာမလုပ်တော့ဘူး သူနဲ့အတူလည်းမကျက်ဘူး သူစာလုပ်ရင်ကိုယ်အိပ်နေတယ်...
တကယ့်တကယ် အောင်စာရင်းထွက်လာရော ခွီ.....
ကိုယ်အောင်နေတယ်လေ အမှတ်တော့နည်းတာပေါ့...
ကိုယ်လည်းနန္ဒဆီကိုသွားပြီးတော့ သွားပြောလိုက်တယ် 'ငါကစာမကျက်လည်းအောင်တယ် တွေ့လား' ဆိုပြီးတော့လေ ဟက်!...
နန္ဒဆိုကြောင်သွားတာသိလား ဘာလို့ဆို ကိုယ်သူ့အိမ်ကိုသွားတာအဲ့နေ့ကပထမဆုံးပဲလေ...
ပြီးတော့ပြောခဲ့သေးတာ 'ငါက ဦးနှောက်သေးပေမယ့် ကံကောင်းတယ်' ဆိုပြီးတော့ရော...
နန္ဒပါးစပ်အဟောင်းသားဖြစ်နေတာဆိုတာလေ တွေးတိုင်းကိုယ်ရယ်ချင်တယ် ဟက်!.. "
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️