Part-26(Uni)

26.8K 2.1K 44
                                    


      ရှင်းသန့်နားထင်ကိုဖိပြီး ထထိုင်လိုက်သည်။ သူဘာလို့ဒီမှာလှဲနေရတာလဲ?..
သူအမွှေးတိုင်းသွားဝယ်ပြီးပြန်ထွက်လာတော့ ခေါင်းထဲမှာရိပ်ခနဲဖြစ်သွားတာနဲ့ သူဖြေးဖြေးချင်းလျှောက်လာရင်း ပိုပြီးမူးလာကာ သူအရာအားလုံးနဲ့အဆက်အသွယ်ပြတ်သွားသည်။
နောင် နောင်ထမင်းစားဖို့သူ့ကိုစောင့်နေမယ်ထင်တယ်...
ရှင်းသန့့်် မတ်တပ်ထရပ်ပေမယ့်လည်း အားနည်းလို့ပဲလားမသိ သူထလို့မရဘဲ ပြန်ပြန်ထိုင်ချနေမိသည်။

"အလှလေး နိုးလာပြီလား.."

"ဟင် နေထူး...
နေထူး ကျွန်တော်အခုဘယ်ရောက်နေတာလဲ?..."

"အလှလေးကိုကျွန်တော်ခေါ်လာတာ.."

"ဟင်....
နေထူးက ဘာလို့ကျွန်တော်ခေါ်လာရတာလဲ?...
နောင်စိတ်ပူနေတော့မယ် ကျွန်တော်ပြန်မယ်.."

"အလှလေးပြန်လို့မရဘူး...
ကျွန်တော်အလှလေးကိုအပိုင်ခေါ်ထားမှာ.."

"ဘာတွေပြောနေတာလဲ? နေထူး...
ကျွန်တော်ကနေထူးကိုသူငယ်ချင်းလို့ပဲခင်တာ နေထူးပြောနေတာတွေက...
ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ..
နောင်စိတ်ပူနေလိမ့်မယ်..."

"နောင် နောင် နောင်နဲ့ အလှလေးစိတ်ထဲမှာနောင်တစ်ယောက်ပဲအသက်ပါတာလား...
အလှလေးကိုအရိပ်တကြည့်ကြည့်ကြည့်နေတဲ့ကျွန်တော့်ကိုကျ ဘာလို့နည်းနည်းလေးတောင်ငဲ့မကြည့်ပေးရတာလဲ?.."

နေထူးကိုသူ့အနားကိုလျှောက်လာပြီး သူ့ပခုံးကိုလှုပ်ရမ်းကာပြောလာသည်။

"နေထူးပြောနေတာတွေကျွန်တော်နားမလည်ဘူး..."

"နားမလည်ဘူးဟုတ်လား...
ကျွန်တော်ခင်ဗျားကိုချစ်တယ်အလှလေး...
စတွေ့ကတည်းက ချစ်ခဲ့တာ...
ကျွန်တော်အလှလေးကိုလက်ထပ်မယ်.."

"မဖြစ်နိုင်တာတွေမပြောပါနဲ့နေထူး...
ကျွန်တော်နောင်ကလွဲပြီး ဘယ်သူ့ကိုမှမချစ်ဘူး..
ကျွန်တော့်အသားကိုမထိပါနဲ့..."

ရှင်းသန့့်် နေထူးကိုင်ထားတဲ့လက်ကိုရုန်းလိုက်ပြီးပြောလိုက်သည်။

"ခင်ဗျားချစ်သလောက် အဲ့ကောင်ကခင်ဗျားကိုချစ်လိမ့်မယ်လို့ခင်ဗျားထင်နေတာလား ဟမ်...
ဟင်း.......
အလှလေး ကျွန်တော်မကြမ်းချင်ဘူး...
ကျွန်တော်ရှေ့မှာအဲ့ကောင်နာမည်ထပ်မပြောပါနဲ့.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now