Part-37(Uni)

31.3K 2.2K 88
                                    


၃နှစ်ကြာပြီးနောက်......

"အကို အကို မရှိဘူးလား...
သားရေ သား ရှင်းသုတနောင် ဟာ့ သားဖ၂ယောက်လုံး ဘယ်ရောက်နေကြလဲမသိဘူး.."

"ဖေဖေ ဖေဖေ အင့်.."

နောင် အိမ်ထဲကပြန်ထွက်မယ်လိုက်ပြီးမှ သားရဲ့အသံကိုကြားတာကြောင့် လှည့်ကြည့်လိုက်တော့ ပေတလူးမျက်နှာလေးနဲ့ရေခွက်ကိုကိုင်ပြီး သူ့ကိုကမ်းပေးလာသည်။

"သားတစ်ယောက်တည်းလား ပါပါးရော.."

သားကမ်းပေးလာတဲ့ရေခွက်ကိုယူသောက်လိုက်ပြီး နောင်မေးလိုက်သည်။

"အရုပ်ရုပ်နေရယ်.."

"ဟုတ်လား ဘာအလုပ်တွေလုပ်နေတာလဲ?...
တစ်ယောက်တည်းလုပ်နေတာလား.."

"သားရော သားရော.."

ခေါင်းကိုခါပြီး သူ့ကိုယ်သူပုတ်ပြကာပြောနေတာကြောင့် နောင်သားကိုပွေ့ချီပြီး ဗွက်တွေပေနေတဲ့သားမျက်နှာလေးကိုနမ်းလိုက်သည်။

"ညစ်ပတ်နေတာပဲကွာ ရေမချိုးဘူးလား.."

"ဟီးဟီး ပါပါးကပြောရယ် ဖေဖေပန်ရာမှချိုးမယ်ရဲ့.."

ပြောလည်းပြော သူ့ပါးကိုနမ်းလာသည့်သားကြောင့် နောင့်မှာအမောကိုပြေလို့..

နောင်လည်း သားကိုချီပြီး ခေါင်းရင်းဘက်ကိုလျှောက်လာလိုက်သည်။ ခေါင်းရင်ရောက်တော့ မြက်တွေနှုတ်နေတဲ့ရာရှင်းသန့်ကိုတွေ့ရသည်။ သူတို့ကိုတွေ့တော့ ရှင်းသန့်ကအနားကိုလျှောက်လာသည်။

"သား ဖေဖေ့ကိုရေတိုက်ပြီးပြီလား.."

"ဟုတ် ပါပါး.."

"ပြောပါဦး ရေမချိုးသေးဘဲ၂ယောက်လုံးဘာလုပ်နေကြတာလဲ?.."

"မြက်တွေပေါက်နေတာတွေ့လို့နှုတ်နေတာနောင်ရဲ့...
သားလည်းဝိုင်းနှုတ်ပေးတယ်လေ.."

"ဘာ! ပြစမ်း သားလက်.."

နောင်သားရဲ့လက်ကိုယူကြည့်လိုက်တော့ သားရဲ့လက်ဖဝါးလေးကရဲနေသည်။

"ဟာ သားကိုဘာလို့မြက်တွေနှုတ်ခိုင်းတာလဲ?..
လက်တွေရှကုန်ရင်ဘယ်လိုလုပ်မလဲ?.."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now