Part-23(Uni)

28.2K 2.2K 76
                                    

       
"နောင် ဒီနေ့ကအလုပ်ကိုင်မဟုတ်ဘူးလား...
ဘာလို့ဒါဝတ်ခိုင်းတာလဲ?.."

နီလာနဲ့ကျော်ဇောတို့ရဲ့မင်္ဂလာဆောင်အလုပ်ကိုင်နေ့ဖြစ်တာကြောင့် ရှင်းသန့်နဲ့နောင်တို့သွားဖို့ပြင်နေခြင်းဖြစ်သည်။

"အဲ့တာဘာဖြစ်လို့လဲ? ကျုပ်ပေးတာဝတ်စမ်းပါ.."

စပို့ရှပ်အဖြူကို အောက်ကပုဆိုးအနက်ကွက်နဲ့ တွဲဝတ်ကာ ထိုင်နေတဲ့ရှင်းသန့်က့်က မရိုးမယွဖြစ်နေသည်။ နောင်ကလည်းသူနဲ့ဆင်တူ စပို့ရှပ်အဖြူတစ်ထည်လဲနေတာကြောင့် ရှင်းသန့်လိုက်ကြည့်နေသည်။

"coupleလား..."

ရှင်းသန့်စကားမ့်စကားမဆုံးလိုက် မျက်နှာပေါ်ရောက်လာတဲ့နောင့်အင်္ကျီကြောင့် အင်္ကျီကိုဆွဲဖယ်လိုက်ပြီး ထပ်မေးဖို့ပြင်လိုက်သည်။

"စကားများမနေနဲ့ အချိန်မရှိဘူး သွားရအောင်.."

"အင်းပါ.."

နောင်ကအခန်းထဲကအရင်ထွက်သွားတာကြောင့် ရှင်းသန့်က့်က အခန်းထဲကပြတင်းပေါက်ကိုပိတ်လိုက်ပြီး အပြင်ကိုထွက်လာသည်။ နောင်ကလည်း တစ်အိမ်လုံးတံခါးတွေကိုသေချာပိတ်နေသည်။

့"နောင် မီးတွေပိတ်ပြီးပြီလား.."

"အင်း ပိတ်ပြီးပြီ...
အဝမှာပိတ်ရပ်မနေနဲ့ မြန်မြန်ထွက်.."

"အင်းအင်း.."

ရှင်းသန့်လ့်လည်း ဖိနပ်ကိုအမြန်စီးလိုက်ပြီး အပြင်ကိုထွက်လိုက်သည်။ အရင်စီးနေကျကျန်းမာရေးဖိနပ်အစား ရှင်းသန့်ခြေထောက်အောက်မှာရောက်နေတာ ကတ္တီပါအစိမ်းလေးဖြစ်နေသည်။

"သွားမယ် သွားမယ်.."

ခြံတံခါးပိတ်ပြီး ထွက်သွားတဲ့နောင်အနောက် ရှင်းသန့်အမြန်လိုက်နေရသည်။

"နောင် ဒါ နီလာတို့အိမ်သွားတဲ့လမ်းဟုတ်လို့လား.."

"မဟုတ်ဘူး.."

"အဲ့တာဆို ဘယ်ကိုသွားနေတာလဲ?.."

"ကျုပ်ခြံကို..."

"သြော်....
အဖြူဝတ်လာတာကို နောင်ကခြံထဲမှာဘာသွားလုပ်မလို့လဲ?...
အစွန်းတွေပေကုန်မှဖြင့်..."

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now