Part-29(Uni)

28.6K 2.2K 108
                                    


"ဟာ ဟေ့ ဟေ့ အဲ့တာဘာလုပ်နေတာလဲ?.."

လက်၂ဖက်လုံးမှာရေပုံးကိုဆွဲပြီး ချောင်းထဲကနေတက်လာတဲ့ရာရှင်းသန့်ကိုတွေ့လိုက်ပြီး နောင်အမောပင်မဖြေနိုင်ဘဲ ရာရှင်းသန့်ဆီအမြန်သွားလိုက်သည်။

"ကိုယ်ရေချိုးမလို့လေ..."

"ရေချိုးတာအိုးထဲကခပ်ချိုးပါလား...
ဘာလို့ဆင်းခပ်နေတာလဲ? မတော်ချော်လဲရင်ဘယ်လိုလုပ်မလဲ?..."

"ဘာမှမဖြစ်ပါဘူး ကိုယ်ခပ်နေကျပဲကို..."

"အရင်ကနဲ့အခုတူလို့လား...
ခင်ဗျားဗျာ ဂရုစိုက်မှုကိုမရှိဘူး.."

ရှင်းသန့်ဆွဲလာတဲ့ရေပုံး၂ပုံးကိုနောင်ကပြောင်းဆွဲလိုက်ပြီး ရေအိုးပေးမှာချပေးလာသည်။

"ချိုးမှာမလား မြန်မြန်လေးချိုး...
မိုးကအေးအေးနဲ့ အအေးပတ်မယ်.."

"အင်းပါ..."

ရှင်းသန့်အ့်အင်္ကျီကိုချွတ်ပြီး ရေချိုးမယ်ပြင်လိုက်ပေမယ့်လည်း နောင်ကမသွားသေးတာကြောင့် ရှင်းသန့်ချိုးဖို့ရာ ရပ်နေသည်။

"ဘာလုပ်နေတာလဲ? ချိုးလေ..."

"ဟို နောင်သွားတော့လေ..."

"ဘာဖြစ်လို့လဲ? ခင်ဗျားကကျုပ်ကိုရှက်လို့လား...
နေ့တိုင်းလည်းကြည့်နေကျပဲကို..."

"အယ်..."

နောင်ကတော့ ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ရှင်းသန့်မျက်နှာလေးကတော့ ချက်ချင်းပန်းရောင်ပြောင်းသွားသည်။

"ရေညှိတွေနဲ့ခင်ဗျားချော်လဲမှာစိုးလို့ကျုပ်စောင့်ပေးနေတာ မြန်မြန်လေးချိုး.."

"အင်း.."

ရှင်းသန့်လ့်လည်း အမြန်ခပ်ချိုးလိုက်ပြီး ရေလဲပုဆိုးကိုအမြန်လဲကာ အိမ်ထဲကိုအမြန်ဝင်လိုက်သည်။

"ဟာ ဖြေးဖြေးသွားလေ ချော်လဲဦးမယ်.."

"ဘာမှမဖြစ်ဘူး နောင်.."

အိမ်ထဲကနေ ပြန်ပြောလာတာကြောင့် နောင်ခေါင်းသာခါလိုက်သည်။
ဂရုစိုက်မယ်မရှိဘူး လိုက်ပြောနေရတာပဲ...

နောင်ရေချိုးပြီး အိမ်ထဲဝင်တော့ သနပ်ခါးလူးပြီးပုဆိုးကိုသေချာပြင်ဝတ်နေတဲ့ရှင်းသန့်ကိုတွေ့ရသည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now