Part-21(Uni)

29.3K 2.3K 82
                                    


"ရွှတ် ရွှတ်.."

အိမ်ထဲကနေ နှာရှုတ်သံကြားနေရတာကြောင့် နောင့်ခြေလှမ်းတွေရပ်တန့်သွားသည်။ လွယ်အိတ်ကိုတိုင်မှာချိတ်ပြီး အသံလာရာ မီးဖိုဆောင်ကိုကြည့်လိုက်သည်။ မျက်ရည်တွေကို လက်ကောက်ဝတ်နဲ့သုတ်ပြီး ကျောပေးထားလေသည်။

သူလည်း သူ့မိဘတွေနဲ့ဝေးနေရတော့ လွမ်းနေမှာပေါ့...
သူ့မိဘတွေလာသွားတဲ့ညကရော မနေ့ကညထိပါ စောင်ခေါင်းမြှီးခြုံထားပြီးရှိုက်နေတဲ့ရှင်းသန့်ရဲ့ငိုသံကိုသူကြားရသည်။ ဆက်တိုက်ချည်းငိုနေတော့ တစ်ခုခုဖြစ်မှာစိုးပေမယ့် နောင်ဘာမှမပြော။

"ဟူး........"

သက်ပြင်းသာချလိုက်ပြီး ရေသောက်ရန် မီးဖိုဆောင်ထဲကိုဝင်လာခဲ့သည်။

"ရာရှင်းသန့့််.."

"သြော် နောင် ပြန်ရောက်လာပြီလား..."

သူ့အသံကိုကြားတော့ မျက်ရည်ကိုသုတ်ပြီး သူ့ဘက်ကိုလှည့်ကြည့်လာသည်။

"ခင်ဗျားငိုနေတာလား.."

"အာ ငိုနေတာမဟုတ်ပါဘူး ရွှတ်...
ဒီမှာလေ ကြက်သွန်လှီးနေတာ...
အခိုးတွေမျက်လုံးထဲဝင်တာနဲ့စပ်ပြီးမျက်ရည်တွေကျလာတာ ဟီး..."

"သြော်..." နောင် ပြန်ပြောနိုင်သည်။

သူကတော့ ငိုတယ်ထင်ပြီး စိုးရိမ်နေတာ...
ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့...

"ကိုယ်ကဆီတောင်မသပ်ရသေးဘူး..
နောင်ဗိုက်ဆာနေပြီလား..."

"မဆာသေးဘူး...
ခင်ဗျားရေသွားချိုးတော့ ကျုပ်ဆီသပ်ထားလိုက်မယ်..."

"ရပါတယ် ကိုယ်လုပ်ပါ့မယ်..."

"သွားဆိုသွားလိုက်ပေါ့ဗျာ အထွန့်တက်နေတယ်..."

ရှင်းသန့်လ့်လက်မောင်း၂ဖက်ကိုချုပ်ကိုင်ပြီး ခုံကနေထစေကာ ဘေးကိုပို့လိုက်သည်။

"နောင်ကနေပူထဲကပြန်လာပြီးပင်ပန်းနေတဲ့ဟာကို..."

"ဘာမှမဖြစ်ဘူး ကျုပ်ဒီနေ့ဟင်းချက်ချင်နေလို့..."

"အင်းပါ အင်းပါ..
ကိုယ်ရေသွားချိုးလိုက်ဦးမယ်..."

အင်္ကျီကိုအမြန်ချွတ်လိုက်ပြီး ရေပုံးကိုကိုင်ကာ ချောင်းထဲကိုဆင်းလိုက်သည်။ ချောင်းရေလေးကနွေးနေတော့ တကယ်ကိုချိုးလို့ကောင်းတာပဲ...

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now